အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်မှာ ဆည်နှစ်ခု ကျိုးပေါက်ခဲ့ပြီးနောက် မေလ ၂၀ ရက်က မစ်လန်းမြို့မှာ အမြင့် ၅ ပေလောက်အထိ ရေကြီးနေပါတယ်။
မိုးကြီးတာကြောင့် မြစ်ရေလျှံပြီး အနီးဝန်းကျင်က ဆည်နှစ်ခု ကျိုးပေါက်ခဲ့တာဖြစ်ပြီး လူသေဆုံးထိခိုက်မှုကိုတော့ ချက်ချင်း မသိရသေးပါဘူး။
မစ်လန်းမြို့က တစ်တာဘီဝါဆီမြစ်ရေ မြင့်တက်နေတာကြောင့် အသက်အန္တရာယ်ရှိတဲ့ ရေကြီးမှု ဖြစ်နိုင်တယ်ဆိုပြီး အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။
အဲဒီမြစ်ဟာ ဒတ်ထရွိုက်မြို့ အနောက်မြောက်ဘက် မိုင် ၁၂၀ အကွာမှာရှိပြီး စံချိန်တင် မြစ်ရေ ကြီးခဲ့ကာ မြစ်ရေ ဆက်လက် မြင့်တက်နေမယ် မျှော်လင့်ရပါတယ်။
မစ်လန်းမြို့လယ်ကောင်မှာ ရေအမြင့် ၉ ပေ အထိ မြင့်တက်နိုင်ပြီး အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရေကြီးတာကြောင့် မစ်လန်းဒေသ နေထိုင်သူ ၄၁,၀၀၀ နီးပါးမှာ ၅,၄၀၀ ခန့် က လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
11 months Ago