အီရန်ဒုံးကျည် အစီအစဉ်ရပ်တန့်ရေး အမေရိကန် တောင်းဆိုချက်တွေကို ဥပေက္ခာပြုပြီး သြဂုတ် ၂၀ ရက်က အီရန်ဟာ ပြည်တွင်းထုတ် ဒုံးကျည်နဲ့ ခရုဇ်မစ်ဆိုင်းဒုံးကျည်တွေကို ထုတ်ပြ ခဲ့ပါတယ်။
ဒုံးကျည်သစ် နှစ်မျိုးကို အမေရိကန်ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန် ကွတ်တပ်ဖွဲ့တပ်မှူး ဗိုလ်ချုပ်ကြီး ဆိုလေမန်နီနဲ့ အီရတ်ပြည်သူ့စစ်တပ်မှူး အဘူမက်ဒီ အယ်မူ ဟန်ဒီတို့ရဲ့ နာမည်ကို ပေးထားပါတယ်။
မြေပြင်အချင်းချင်းပစ်တဲ့ ဒုံးကျည်ကို ဆိုလေမန်နီလို့ ပေးထားပြီး အကွာအဝေး ကီလိုမီတာ ၁,၄၀၀ အထိ ပစ်ခတ်နိုင်ပါတယ်။
အီရန်အပေါ် ကုလသမဂ္ဂလက်နက်ပိတ်ဆို့မှု သက်တမ်းတိုးဖို့ အမေရိကန်က ကြိုးပမ်းနေ ချိန်မှာပဲ ဒုံးကျည်ထုတ်ပြတဲ့ ကြေညာချက် ထွက်လာတာပါ။
အီရန်အပေါ် လက်နက်ပိတ်ဆို့မှုဟာ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်အရ အောက်တိုဘာမှာ သက်တမ်းကုန်ဆုံးမယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
2 years Ago