ရုရှားဝန်ကြီးချုပ် မစ်ခေးလ် မီရှုစတင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ တာဝန်ကနေ ခေတ္တအနားယူမယ့်အကြောင်း သမ္မတ ပူတင်ကို ဧပြီ ၃၀ ရက်မှာ အသိပေးခဲ့တယ်လို့ သိရပါတယ်။
မီရှူစတင်ဟာ သူ့နေရာမှာ လက်ထောက်ဝန်ကြီးချုပ် အင်ဒရေ ဘယ်လိုဆော့ဖ်ကို ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်မယ်လို့ သမ္မတ ပူတင်ကို တင်ပြခဲ့ပြီး ပူတင်ကလည်း မီရှုစတင်ရဲ့ အဆိုပြုချက်ကို ထောက်ခံခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရှိနေပေမယ့် သမ္မတ ပူတင်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖုန်း၊ ဗွီဒီယိုကွန်ဖရင့်တို့က တဆင့် ဆက်သွယ်နေမယ်လို့ ဝန်ကြီးချုပ် မီရှုစတင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံဟာ မတ်လနှောင်းပိုင်းကစလို့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အများပြည်သူဆိုင်ရာ နေရာတွေကို ပိတ်ပစ်ခဲ့ပါတယ်။
ရုရှားနိုင်ငံမှာ မေ ၁ ရက်နေ့အထိ ကိုရိုတာကူးစက်ခံရသူ ၁ သိန်းကျော်နဲ့ သေဆုံးသူ ၁၀၇၃ ဦး ရှိတယ်လို့ သိရပါတယ်။
10 months Ago