မစ်ဒယ်ဘရော့ကို ဂိုးပြတ်နိုင်ပြီး ချဲလ်ဆီး ချန်ပီယံဖြစ်ရန် ပိုမိုနီးစပ်

May 9, 2017

မစ်ဒယ်ဘရော့ကို ဂိုးပြတ်နိုင်ပြီး ချဲလ်ဆီး ချန်ပီယံဖြစ်ရန် ပိုမိုနီးစပ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးနဲ့ တန်းဆင်းဇုန်ထဲက မစ်ဒယ်ဘရော့တို့ မေ ၈ ရက်က ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ရေး ပိုမိုနီးစပ်လာပါတယ်။ ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို ၂၃ မိနစ်မှာ တိုက်စစ်မှူး ဒီယေဂို ကော်စတာက သွင်းယူပေးခဲ့ပြီး ၃၄ မိနစ်မှာ အလွန်ဆိုက တဂိုး ထပ်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ တိုက်စစ်မှာ ကော်စတာ၊ ဟာဇက်၊ ပက်ဒရိုနဲ့ ပွဲထွက်ခဲ့သလို တိုက်စစ်ဆင် ဂိုးကန်သွင်းနိုင်မှုရော ဘောလုံးပိုင်ဆိုင်မှုမှာပါ အသာရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် တတိယဂိုးကိုတော့ ပွဲချိန် ၆၅ မိနစ်မှာ မာတစ်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးချန်ပီယံဖြစ်ရေး လက်ကျန်ပွဲစဉ် ၃ ပွဲမှာ တပွဲအနိုင်ရတာနဲ့ ချန်ပီယံဖြစ်မှာဖြစ်ပါတယ်။ မစ်ဒယ်ဘရော့ကတော့ ဒီပွဲရှုံးနိမ့်ခဲ့တဲ့အတွက် ရာသီကုန်မှာ တန်းဆင်းရဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
4 years Ago
Up