အမေရိကန်တောင်ပိုင်း မစ္စစ္စပီနဲ့ လူဝီစီးယားနားပြည်နယ်တွေတလျှောက်မှာ ဧပြီ ၁၂ ရက်နေ့က မုန်တိုင်းနဲ့ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် ၆ ဦး သေဆုံးပြီး အပျက်အစီးများခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်တောင်ပိုင်းမှာ ကိုရိုနာကပ်ဘေးကြောင့် လူတိုင်း အိမ်တွင်းအောင်းနေရချိန် မုန်တိုင်းတိုက်ခဲ့တာဖြစ်ပြီး မစ္စစ္စပီပြည်နယ်တခုထဲ လူ ၆ ဦး သေဆုံးခဲ့တာပါ။
ညနေပိုင်းအထိ ခရိုင် တော်တော်များများမှာ လေဆင်နှာမောင်း သတိပေးချက်တွေ ထုတ်ထားခဲ့ရတယ်လို့ ပြည်နယ်အရေးပေါ် ကယ်ဆယ်ရေးဌာနက တွစ်တာမှာ ထုတ်ပြန်ပါတယ်။
အမေရိကန် အမျိုးသားမိုးလေဝသဌာနကလည်း လေဆင်နှာမောင်း အနည်းဆုံး ၁၃ ခုက တောင်ပိုင်းဒေသတလျှောက် တိုက်ခတ်ခဲ့ပြီး အိမ်တွေ၊ ဓာတ်အားလိုင်းတွေ၊ ဆိုင်းဘုတ်တွေနဲ့ ကားတွေ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တက္ကဆက်ပြည်နယ်မှာလည်း ဧပြီ ၁၂ ရက်နေ့ ညပိုင်းကစလို့ လေဆင်နှာမောင်း အန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
11 months Ago