မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမား မစ်ခီတာယန်းကို အနည်းဆုံး ပေါင် ၃၅ သန်းရမှ ရောင်းချမယ်လို့ ဆိုပါတယ်။
မန်ယူနည်းပြ မော်ရင်ဟိုဟာ မစ်ခီတာယန်းကို အရန်စာရင်းမှာတောင် ထည့်သွင်းထားခြင်း မရှိတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ ရှိနေတာပါ။
အယ်လ်ဘေးနီးယား အသင်းခေါင်းဆောင် မစ်ခီတာယန်းကို အင်တာမီလန်အသင်းက စိတ်ဝင်စားနေပေမယ့် သူ့ကို ခေါ်ယူမယ်ဆိုရင် ကစားသမားတွေ ရောင်းချမှဖြစ်မယ်လို့ ဆိုပါတယ်။
မစ်ခီတာယန်းဟာ မန်ယူအသင်းမှာ ခြေစွမ်းကောင်း ပြသထားပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့အပြင် နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး နည်းပြမော်ရင်ဟိုနဲ့ အချေအတင် ဖြစ်ခဲ့တာကြောင့် မော်ရင်ဟိုနဲ့လည်း အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ မစ်ခီတာယန်းကို ဒေါ့မွန်အသင်းကနေ ပေါင် ၂၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
3 years Ago