မစ်ခီတာယန်း

February 12, 2018

အာစင်ဝင်းဂါးနှင့် မော်ရင်ဟို ကွာခြားချက် မစ်ခီတာယန်း ထုတ်ပြော

အာဆင်နယ်နည်းပြ အာစင်​ဝင်းဂါးဟာ ကစားသမား​တွေနဲ့ ရင်းနှီးသူတဦးဖြစ်​ပြီး​ ​မော်​ရင်​ဟိုက​တော့ ကစားသမား​တွေအ​ပေါ်မှာ တင်းကျပ်​သူတဦးဖြစ်​တယ်​လို့ နည်းပြနှစ်​ဦးရဲ့ ကွာခြားချက်​ကို မစ်​ခီတာယန်းက ထုတ်​​ဖော်​​ပြောကြားခဲ့ပါတယ်​။ ​မော်​ရင်​ဟိုဟာ ကစားသမား​တွေဆီက​နေ ရလိုစိတ်​​တွေများပြီး​တော့ မာ​ကြောတယ်​လို့ ဆိုပါတယ်​။ အာစင်​ဝင်းဂါးက​တော့ ကစားသမား​တွေနဲ့ ရင်းရင်းနှီးနှီးရှိပြီး​ ကစားသမား​တွေကို နားလည်​​ပေးနိုင်​သလို တည်​ငြိမ်​တယ်​လို့ ဆိုပါတယ်​။ မစ်​ခီတာယန်း​ဟာ မန်​ချက်​စတာယူနိုက်​တက်​က​နေ တိုက်​ရိုက်​အလဲအလှယ်​နဲ့ အာဆင်​နယ်​အသင်းကို ​ရောက်​ရှိခဲ့တဲ့ ကစားသမားဖြစ်​ပါတယ်​။ သူ့ရဲ့ ပထမဆုံးပွဲစဉ်​ဖြစ်​တဲ့ အဲဗာတန်​အသင်းနဲ့ပွဲစဉ်​မှာ တဦးတည်း ဂိုးဖန်​တီးမှု ၃ ကြိမ်​အထိ ပြုလုပ်​နိုင်​ခဲ့တဲ့ ကစားသမားလည်း ဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​လည်း အခုတပတ်​ စပါးအသင်းနဲ့ ပွဲစဉ်​မှာ​တော့ ​ခြေစွမ်းပြနိုင်​ခဲ့ခြင်း မရှိသလို လူစားလဲခြင်းလည်း ခံခဲ့ရပါတယ်​။ မစ်​ခီတာယန်းအ​နေနဲ့ မန်​ချက်​စတာယူနိုက်​တက်​အသင်းမှာ ၁၈ လကြာ ကစားခဲ့သလို ယူရိုပါလိဂ်​ဖလား ရယူနိုင်​ခဲ့ပါတယ်​။ ယူရိုပါလိဂ်နောက်ဆုံးဗိုလ်လုပွဲ​မှာလည်း အနိုင်ဂိုးတဂိုး သွင်းပေးနိုင်​ခဲ့တာ​ကြောင့်​ ​အောင်​မြင်​မှု​တွေ ရယူနိုင်​ခဲ့တယ်​လို့ ​ပြောနိုင်​​ကြောင်း အင်​တာဗျူးမှာ​ ဖြေကြားသွားခဲ့ပါတယ်​။
3 years Ago

February 7, 2018

ဆန်းချက်ဇ်နှင့် မစ်ခီတာယန်းတို့၏ ခြေစွမ်းကို ရွန်နီ ချီးကျူး

ဆန်းချက်ဇ်နဲ့ မစ်ခီတာယန်းတို့ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး အဲဗာတန်တိုက်စစ်မှူး ဝိန်းရွန်နီက ချီးကျူး ပြောကြားလိုက်ပါတယ်။ စကိုင်းစပေါ့က တင်ဆက်တဲ့ Monday Night Football အစီအစဉ်မှာ ရွန်နီက ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ပါဝင်လာတာဖြစ်ပြီး ဆန်းချက်ဇ်နဲ့ မစ်ခီတာယန်းတို့ကို ချီးကျူးခဲ့တာပါ။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းအတွက် ပြီးပြည့်စုံတဲ့ ကစားသမားတဦးဖြစ်ပြီး ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ကစားတတ်တာကြောင့် လူကာကူနဲ့ တွဲဖက်လိုက်မယ်ဆိုရင် ဂိုးတွေ ပိုရလာနိုင်တယ်လို့ ရွန်နီက ဆိုပါတယ်။ ဒါ့အပြင် မစ်ခီတာယန်းဟာလည်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ရွန်နီက ဆိုပါတယ်။ မစ်ခီတာယန်းဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပေမယ့် မန်ယူအသင်းမှာ လွတ်လွတ်လပ်လပ် ကစားခွင့်မရခဲ့လို့ အံမဝင်တာဖြစ်တယ်လို့ ရွန်နီက ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ ဆန်းချက်ဇ်နဲ့ မစ်ခီတာယန်းတို့ကို  အလဲအထပ်လုပ်ပြီး စာချုပ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
3 years Ago
More News
Up