မစဉ်းစားနိုင်

July 5, 2020

အနာဂတ်နှင့်ပတ်သက်ပြီး မစဉ်းစားနိုင်သေးဟု ဘာစီလိုနာနည်းပြပြော

အနာဂတ်နဲ့ ပတ်သက်ပြီး မစဉ်းစားသေးဘဲ လာမယ့်ပွဲစဉ်တွေအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဘာစီလိုနာနည်းပြ ဆက်တီယန်က ပြောလိုက်ပါတယ်။  ဘာစီလိုနာအသင်းဟာ ဇူလိုင် ၆ ရက် မနက် ၂ နာရီခွဲမှာ ဗီလာရီးရဲလ်အသင်းနဲ့ အဝေးကွင်း ကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြ ဆက်တီယန်က ပြောခဲ့တာပါ။  အသင်းရလဒ် မကောင်းချိန်မှာ ဒီလိုသတင်းတွေက ထွက်ပေါ်လာစမြဲဖြစ်ပြီး အရေးကြီးဆုံးက လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့သာဖြစ်တယ်လို့ နည်းပြဆက်တီယန်က ပြောပါတယ်။  ဘာစီလိုနာအသင်းဟာ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၄မှတ်ကွာဟခဲ့တာပါ။  ဗီလာရီးရဲလ်အသင်းဟာ ပုံစံကောင်းရနေတဲ့အသင်းဖြစ်သလို ထိပ်တန်း ကစားသမားတွေလည်း ရှိတာကြောင့် အခက်တွေ့စေလိမ်မယ်လို့လည်း ဆက်တီယန်ကပြော ပါတယ်။  အသင်းခေါင်းဆောင် မက်ဆီဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ်မှာ အသင်း ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေဟာလည်း မဟုတ်မှန်ဘဲ မက်ဆီဟာ အသင်းမှာ အဆင်ပြေနေတယ်လို့ နည်းပြက ဆိုပါတယ်။
10 months Ago
Up