ဂရိနိုင်ငံ ပယ်လို- ပွန်နိ့စ်ကျွန်းဆွယ်အရှေ့ပိုင်းက ကတ်ရှ်ရီရွာအနီးမှာ ဇူလိုင် ၂၂ ရက်က လောင်ကျွမ်းနေတဲ့တောမီးကို မီးသတ်သမားတွေကို ညလုံးပေါက် ဆက်ငြှိမ်းသတ်နေပါတယ်။
ဂရိတောမီးကို ရဟတ်ယာဉ် ၅ စီး၊ လေယာဉ်၂ စင်းအကူအညီနဲ့ မီးသတ်သမား အယောက် ၇၀ ကျော် ကြိုးပမ်းငြှိမ်းသတ်နေသလို စေတနာ့ဝန်ထမ်းတွေကလည်း ကူညီပေးနေပါတယ်။
ထင်းရူးတောထဲမှာ လောင်နေတဲ့တောမီးဟာ ဖောက်ခွဲရေးပစ္စည်းတွေ သိုလှောင်ထားတဲ့ စစ်ဘက်စခန်းနား နီးကပ်လာတာမို့ အနီးဝန်းကျင် အခြေချနေထိုင်သူတွေကို ဘေးလွတ်ရာ အတင်း ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တောင်မီးလောင်ရာနေရာဟာ မီးခိုးမည်းတွေနဲ့ဖုံးအုပ်နေပြီး လေပြင်းတွေ တိုက်ခတ်တာမို့ တောမီးဟာ တောင်ပိုင်းကို ရွေ့လျားနေပါတယ်။
ဂရိမီးသတ်တပ်ဖွဲ့အကြီးအကဲက တောမီးလောင်ရာနေရာကိုသွားပြီး ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးနေသလို အကူမီးသတ်တပ်ဖွဲ့တွေကလည်း အဲဒီနေရာကို သွားရောက်နေပါတယ်။
ဂရိနိုင်ငံဟာ နွေကာလအတွင်း ပေါ့ဆမီးဒါမှမဟုတ် ရှို့မီးကြောင့် မကြာခဏ တောမီးလောင် လေ့ရှိပါတယ်။
၂၀၁၈ခုနှစ်က မာသီပင်လယ်ကမ်းခြေအပန်းဖြေစခန်းမှာ လောင်ခဲ့တဲ့ တောမီးကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၀၀ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago