မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မင်္ဂလာမွန်ဈေး
Home
မင်္ဂလာမွန်ဈေး
May 16, 2020
1.7K
မင်္ဂလာတောင်ညွန့်မြို့နယ် ဈေးအားလုံး ပြန်ဖွင့်၊ Mask ၁ သောင်း အခမဲ့ပေးဝေ
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဈေးအားလုံးကို ဒီနေ့ ပြန်လည်ဖွင့်လှစ်လိုက်ပြီး နှာခေါင်းစည်း mask ၁ သောင်းကို အခမဲ့ပေးဝေခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ဖြစ်ပွားတဲ့ ကာလအတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ဈေးတချို့ကို အကန့်အသတ်နဲ့ ဖွင့်လှစ်ခဲ့ပြီးနောက် ဒီနေ့မှာ ဈေးအားလုံး ပြန်လည်ဖွင့်လှစ်လိုက်တာပါ။
ဈေးတွေ ပြန်လည်ဖွင့်လှစ်တဲ့နေ့မှာ မြို့နယ်စည်ပင် ဈေးများဌာနနဲ့ မြို့နယ်အတွင်းက ပရဟိတအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဈေးအတွင်း နှာခေါင်းစည်းတွေ အခမဲ့ပေးဝေနေတာလို့ ဦးဆောင်ပါဝင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။
“ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဈေးဝယ်သူတွေနဲ့ ဈေးရောင်းချတဲ့သူတွေ နှာခေါင်းစည်း mask တွေ တပ်ဆင်ဖို့နဲ့ ဈေးရောင်းချတဲ့သူတွေကိုလည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်းရောင်းချဖို့ လုပ်ဆောင်တာဖြစ်တယ်။”
မေ ၁၅ ရက်နေ့ထိ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာတော့ Mask မဝတ်ဆင်တဲ့သူ ၂၉ ယောက်ကို အရေးယူပြီး ဒဏ်ကြေးအဖြစ် ငွေကျပ် ၅၀၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း မလိုက်နာဘဲ စည်းကမ်းဖောက်ဖျက်ပြီး ဈေးရောင်းချတဲ့ဆိုင်တွေကိုလည်း ဈေးရောင်းချခွင့် ယာယီပိတ်သိမ်းသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာန လက်ထောက်ဌာနမှူး ဒေါ်ခင်စောနွယ်က ပြောပါတယ်။
လက်ရှိမင်္ဂလာဈေးမှာတော့ ရွှေပြည့်စုံဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ် တို့ရှိပြီး အဲဒီဈေးတွေမှာတော့ ဆေးဝါးမျိုးစုံ၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ ရောင်းချနေတဲ့ ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော် ရှိပါတယ်။
ဒါ့အပြင် လူစုလူဝေးမဖြစ်အောင်လို့ ဈေးတွေကို အရင် မနက် ၇ နာရီကနေ ညနေ ၆ နာရီ ဖွင့်လှစ်ခဲ့ရာကနေ အခု ပြန်ဖွင့်ချိန်မှာတော့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိပဲ ရောင်းချဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up