မင်္ဂလာဒုံ တပ်မတော်နို့ချက်စက်ရုံ

September 4, 2021

မင်္ဂလာဒုံ တပ်မတော်နို့ချက်စက်ရုံအနီး ဗုံးကွဲ

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဥ်းမပင်ကျေးရွာအုပ်စုရှိ တပ်မတော်နို့ချက်စက်ရုံအနီးမှာ စက်တင်ဘာ ၄ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒီမနက် ၆ နာရီခွဲလောက်က  စက်ရုံဘေးအပေါက်အနီး ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့  ပျဥ်းမပင်ကျေးရွာနေ ဒေသခံ တစ်ဦးက ပြောပါတယ်။ 

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်သွားတယ်လို့လည်း သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကလည်း ညဘက် ဗုံးပေါက်ကွဲသံ တစ်ချက်နဲ့ သေနတ်ပစ်ဖောက်သံတွေ ကြားရသေးတယ်လို့ ထောက်ကြံ့လမ်းဆုံအနီး နေထိုင်သူက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ အရင်ကလည်း ထောက်ပို့တပ်က ကားတစ်စီး ဗုံးပေါက်ကွဲခဲ့ဖူးသလို မြို့နယ်လျှပ်စစ်မီတာရုံးမှာလည်း ဗုံးပေါက်ကွဲခဲ့ဖူးပါတယ်။ 

မနေ့ကလည်း ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်က တပ်မတော်ပိုင် ငံပြာရည်စက်ရုံမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

3 months Ago
Up