မင်္ဂလာဒုံ စစ်ဆေးရုံ

October 25, 2021

ဖမ်းဆီးခံ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ဒဏ်ရာပြင်းထန်ရပြီး မင်္ဂလာဒုံ စစ်ဆေးရုံရောက်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့  ကိုဂျင်မီဟာ ဖမ်းဆီးခံရစဉ်  ဒဏ်ရာပြင်းထန်စွာ ရရှိတဲ့အတွက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စုံစမ်းသိရကြောင်း သူ့ရဲ့ ဇနီးဖြစ်သူ မနီလာသိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဂျင်မီကို စစ်ကောင်စီ တပ်ဖွဲ့တွေက ရန်ကုန်မြို့မှာ အောက်တိုဘာ ၂၃ ရက်ညပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာ  ဖမ်းဆီးသွားတာဖြစ်ပြီး ကိုဂျင်မီရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်တယ်လို့လည်း မနီလာသိန်းက အသိပေးထားပါတယ်။

ဖမ်းဆီးမှုနောက်ပိုင်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအားလုံးကို စစ်ကောင်စီက တာဝန်ယူရမယ်လို့လည်း ရေးသားထားပါတယ်။

ကိုဂျင်မီကို စစ်ကောင်စီတပ်ကဖမ်းဆီးစဉ် ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်လို့  အသေးစိတ်  မသိရသေးပါဘူး။ 

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဂျင်မီဟာ ရှစ်လေးလုံးမျိုးဆက် ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ကိုမင်းကိုနိုင်နဲ့အတူ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို ဦးဆောင်နေသူ ဖြစ်ပါတယ်။

3 months Ago
Up