မင်္ဂလာတောင်ညွှန့်

May 22, 2020

မင်္ဂလာတောင်ညွှန့်မြို့နယ်၌ COVID-19 ကာကွယ်ရန် ကျန်းမာရေးစစ်တမ်းကောက်

ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဖို့မြေရပ်ကွက် ၁၀၁ လမ်းမှာ  COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်ထောင်စု ၆၀၇ စု၊ လူဦးရေ ၃၃၀၀ကျော်ကို ဒီနေ့မနက် သက်ဆိုင်ရာက ကျန်းမာရေးစစ်တမ်း ကောက်ယူခဲ့ပါတယ်။ Photo - Kyaw Swar Tun / MPA
12 months Ago

May 1, 2020

ကျပ်သိန်း ၁ သောင်းခွဲအထူးဆု မင်္ဂလာတောင်ညွှန့်မြို့နယ်က ဇနီးမောင်နှံ ဆွတ်ခူး

၁၅ ကြိမ်မြောက်ကျပ်သိန်း ၁ သောင်းခွဲ အထူးဆုကြီးကို မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေထိုင်တဲ့ ဇနီးမောင်နှံက ဆွတ်ခူးသွားခဲ့ပါတယ်။ နေပြည်တော် ပုပ္ပသီရိ မြို့နယ်အတွင်းမှာဖွင့်လှစ်ထားတဲ့ ဆုလာဘ်ပိုင်ထီဆိုင်ကနေ ပေါက်မဲနံပါတ် စ အက္ခရာ ၄၄၁၇၉၈ နဲ့ ဆယ်စောင်တွဲထီကနေ ကံထူးခဲ့တာလို့ ဆုလာဘ်ပိုင်ထီဆိုင်ပိုင်ရှင် ကိုအောင်ပိုပိုက ပြောပါတယ်။ နေပြည်တော်က လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်ကို ဘုရားဖူးသွားရင်း ကံစမ်းခဲ့တဲ့ ထီ လက်မှတ်ကနေ ဆွတ်ခူးခဲ့တာဖြစ်တယ်လို့ ကံထူးရှင်ဖြစ်သူ မဝေဝေလင်းကလည်း DVB ကို ပြောပါတယ်။ မေ ၁ ရက်နေ့ ပြုလုပ်ခဲ့တဲ့ ထီဖွင့်ပွဲမှာတော့ COVID-19 ကပ်ဘေးကြောင့် ရောင်းမကုန်ထီ လက်မှတ် တဝတ်ကျော်ထိ ကျန်ရှိခဲ့တာပါ။ ဒါပေမဲ့ ထီလက်မှတ်တွေကို ကြိုတင်ရိုက်နှိပ်ထားရတာဖြစ်လို့ လာမဲ့ထီဖွင့်ပွဲတွေမှာလည်း အက္ခရာလုံးရေကို လျှော့ချသွားဖို့မရှိသေးဘူးလို့ အောင်ဘာလေသိန်းဆုဌာနက DVB ကို ပြောပါတယ်။
1 year Ago
Up