မင်္ဂလာဆောင်မည်

October 2, 2021

ဂျပန် တော်ဝင်မင်းသမီး မာကို ချစ်သူနှင့် မင်္ဂလာဆောင်မည်

ဝေဖန်မှုတွေ ကြားကပဲ ဂျပန် တော်ဝင်မင်းသမီး မာကိုဟာ သူနဲ့ ကောလိပ်အတူ တက်ဖက် ချစ်သူနဲ့ အခု အောက်တိုဘာထဲမှာ လက်ထပ်တော့မယ်လို့ ကြေညာပါတယ်။ 

အောက်တိုဘာ ၂၆ ရက်နေ့ကျရင် မင်္ဂလာ အခမ်းအနားကို ကျင်းပတော့မှာ ဖြစ်ပါတယ်။

  ဧကရာဇ် နာရူဟီတိုရဲ့တူမ တော်စပ်တဲ့ လက်ရှိ အသက် ၂၉ နှစ်အရွယ် မင်းသမီး မာကိုနဲ့ သူမ ချစ်သူ ကိုင် ကိုမူရို တို့ ၂၀၁၇ ခုနှစ်ကတည်းက စေ့စပ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ 

သူတို့ စုံတွဲဟာ အစပိုင်းမှာ အများပြည်သူအကြား ရေပမ်းစားခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုမူရိုရဲ့ မိသားစု ငွေကြေး အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့လို့ ၂၀၁၈ မှာ သူတို့ လက်ထပ်မယ့် ကိစ္စလည်း နောက်ဆုတ်လိုက်ရပါတယ်။ 

အဲဒီနှစ် သြဂုတ်လမှာ ကိုမူရိုဟာ အမေရိကန် ပြည်ထောင်စုမှာ ဥပဒေပညာသင်ယူဖို့ ထွက်ခွာခဲ့ပြီး ဒီတပတ်အစောပိုင်းမှာ ဂျပန်ကို ပြန်လာတာ ဖြစ်ပါတယ်။ 

ဂျပန်နန်းတွင်း ထုံးတမ်းဓလေ့အရ တော်ဝင်မင်းသမီးဟာ ရိုးရိုးအရပ်သားနဲ့ လက်ထပ်တဲ့ အတွက် ထီးနန်းကို  စွန့်လွှတ်ရမှာ ဖြစ်ပြီး တော်ဝင် အခမ်းအနားတွေကိုလည်း ကျင်းပမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

ဂျပန် နိုင်ငံမှာ ကောက်ယူတဲ့ စစ်တမ်းတခုမှာတော့ တောင်ဝင်မင်းသမီးရဲ့ မင်္ဂလာသတင်းကို စစ်တမ်း ဖြေဆိုသူ ၃၈ ရာခိုင်နှုန်းက ကြိုဆိုကာ ၃၅ ရာခိုင်နှုန်းက ကန့်ကွက်ကြပြီး ၂၆ ရာခိုင်နှုန်းကတော့ စိတ်မဝင်စားဘူးလို့ ဖြေဆိုထားပါတယ်။ 

2 weeks Ago
Up