မင်းသားဟယ်ရီ

May 7, 2020

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ သားငယ် အာချီ ၁ နှစ်ပြည့်မွေးနေ့ပွဲကျင်းပ

ဗြိတိန်ဆက်ဆပ်မြို့စားဟယ်ရီနဲ့ မြို့စားကတော် မက်ဂန်တို့ရဲ့  သားလေး အာချီ တစ်နှစ်ပြည့် မွေးနေ့ကို မေလ ၆  ရက်နေ့က ကျင်းပခဲ့ပါတယ်။  အာချီဟယ်ရီဆင်မောင့်ဘတ်တန်ဝင်ဆာလို့ အမည်ပေးထားတဲ့ ကလေးငယ်ဟာ  ဟယ်ရီပြီးရင်  ဗြိတိန်အရိုက်အရာကို ဆက်ခံမယ့်  သတ္တမ နေရာမှာ ရှိနေပါတယ်။ ဒါပေမဲ့   ဒီနှစ်အစောပိုင်းမှာပဲ ဟယ်ရီက  သူတို့မိသားစုဟာ တော်ဝင်ဝတ္တရားတွေကို ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တာပါ။ ဒီမကြုံစဖူးလုပ်ရပ်ကြောင့် ဆက်ဆပ်မြိုးစားနဲ့ မြို့စားကတော်တို့ဟာ ဗြိတိန်မှာ နေထိုင်မယ့်အစား  ကနေဒါကနေ တဆင့် အမေရိကန်မှာ ပြောင်းရွှေ့နေထိုင်ပြီး သူတို့ရဲ့ တရားဝင်ပွဲတက် အခမ်းအနားနဲ့ တာဝန်တွေကို   မထမ်းဆောင်တော့ဘူးလို့ ရှုမြင်ကြပါတယ်။ ဒါ့အပြင် မြို့စားနဲ့ မြို့စားကတော်တို့ဟာ  ဗြိတိန် မီဒီယာနဲ့  သဟဇာတ မဖြစ်လှပါဘူး။ ပြီးခဲ့တဲ့ ဧပြီလကပဲ သူတို့က    ဗြိတိန်ရဲ့  လူပြိန်းကြိုက် သတင်းစာတွေနဲ့ ဆက်ဆံရေးဖြတ်တောက်မယ်လို့ ကြေညာထားပါတယ်။ လက်ရှိမှာလည်း သူတို့က ဗြိတိန် သတင်းစာ  The Mail နဲ့ တရားတဘောင် ရင်ဆိုင်နေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
12 months Ago
Up