မင်းသမီး မေသန်းနု

March 11, 2020

မင်းသမီး မေသန်းနု၏နော​က်တိုးအမှု တရားလိုကို စတင်စစ်ဆေး

သရုပ်ဆောင်မေသန်းနုရဲ့ နောက်တိုးအမှုနဲ့ပတ်သက်ပြီး တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ကို မတ်လ ၁၀ ရက်က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ပထမအကြိမ်စတင်စစ်ဆေးပါတယ်။ 

တရားလိုဘက်ကတင်သွင်းတဲ့ ယုံကြည်စွာအပ်နှံခြင်းစာချုပ်မှာ မူရင်းစာချုပ်မရှိတာကြောင့် တရားခံဘက်က လက်ခံခြင်းမပြုဖို့ လျှောက်ထားခဲ့ရာ တရားလိုဘက်က မူရင်းစာချုပ်မှာ အရှေ့ပိုင်းခရိုင် တရားရုံးက တရားမကြီးအမှုအတွက် မူရင်းတင်ပြထားရလို့ တာဝန်ခံမိတ္တူကို သင်္ဃန်းကျွန်းတရားရုံးက အဓိကသက်သေ(ခ)အဖြစ် လက်ခံခဲ့ပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင်မေသန်းနုကို ရန်ကင်းမြို့နယ်တရားရုံးက ဇန်နဝါရီ ၂ ရက်နေ့က ပုဒ်မ ၄၂၀ နဲ့ ထောင်ဒဏ်၁ နှစ်ချမှတ်ထားတဲ့ အမှုကို အယူခံတင်သွင်းထားပြီး မတ်လ ၁၁ ရက်နေ့ အပြီးသတ်အမိန့်ချမှတ်သွားမှာလည်းဖြစ်ပါတယ်။

 

2 years Ago
Up