မင်းဘူးမြို့

November 6, 2021

နတ်မောက်မြို့နယ် လက်ထောက်ပညာရေးမှူး အသတ်ခံရ၊ မင်းဘူးမြို့ စည်ပင်ရုံး ဗုံးပစ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့ရှိ  မြို့နယ်ပညာရေးမှူးရုံးမှာ CDM မလုပ်ဘဲ တာဝန်ထမ်းဆောင်နေတဲ့  လက်ထောက်မြို့နယ်ပညာရေးမှူး တယောက်  ပြီးခဲ့တဲ့ ရက်ပိုင်းက အသတ်ခံလိုက်ရပြီး နိုဝင်ဘာ ၄ ရက်မှာ အလောင်းပြန်တွေ့ပြီလို့ သိရပါတယ်။

အသက် ၅၉ နှစ်အရွယ်ရှိ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းဟာ နိုဝင်ဘာ ၁ ရက်နေ့က အလုပ်ကနေ သူနေထိုင်တဲ့ လက်ခုပ်ပင်ကျေးရွာကိုအပြန် လမ်းမှာ အသတ်ခံလိုက်ရတာလို့ သူနဲ့နီးစပ်တဲ့ ဒေသခံ တဦးက ပြောပါတယ်။ 

“သူ့ရွာလက်ခုပ်ပင် ကိုပြန်တာ။ နောက်ရက်တွေ ရုံးလာတာမတွေ့တော့မှ ဆက်သွယ်မရတော့လို့ လိုက်ရှာကြတော့ ကြူအိုင်ရွာနားက ယာတောအစပ်မှာ နိုဝင်ဘာ ၄ ရက်နေ့ကမှ အလောင်းပြန်တွေ့တယ်။”

ဦးခင်မောင်သန်း သေဆုံးမှုနဲ့ပတ်သက်ပြီး နတ်မောက်မြို့နယ်ပညာရေးမှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ''သူ အသတ်ခံရတာဟုတ်ပါတယ်'' လို့ အတည်ပြုပြောဆိုပြီး ဘာကြောင့် အသတ်ခံရတာလည်းဆိုတာကိုတော့ မသိရသေးပါဘူး။

နတ်မောက်မြို့နယ်၊ ရဲစခန်းကိုဆက်သွယ်မေးမြန်းရာမှာလည်း ''သေဆုံးသူမှာ လည်ပင်းပြတ်ရှ ဒဏ်ရာရရှိထားပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်'' လို့  ပြန်လည်ဖြေကြားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့  ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ''သူတို့လက်ချက်မဟုတ်ပါဘူး။ လုပ်ပြီးရင်လည်းကြေညာချက်ထုတ်ပါတယ်'' လို့ ပြောဆိုပါတယ်။

အခုရက်ပိုင်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ အပြိုင်အဆိုင်နုတ်ထွက်နေကြသလို လက်ခုပ်ပင်ကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းတာ ၃ ကြိမ်ထက်မနည်းရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၆ ရက် မနက် ၈ နာရီလောက်ကလည်း မကွေးတိုင်း၊ မင်းဘူးမြို့၊ မြို့နယ်စည်ပင်သာယာရေးရုံးကို လက်လုပ်ဗုံးနဲ့အပစ်ခံရလို့ ရုံးခေါင်မိုးပျက်စီးသွားပြီး စစ်တပ်က မင်းဘူးမြို့အပြင် မကွေးမြို့မှာပါ ပိတ်ဆို့စစ်ဆေးနေပါတယ်။

4 weeks Ago

April 4, 2021

မင်းဘူးမြို့က ရဲအုပ်တစ်ဦး CDM တွင် ပူးပေါင်းပါဝင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် အောင်ကိုကိုကျော်ဟာ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ကတည်းက ပြည်သူလူထုဘက်ရပ်တည်ကာ CDM ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဗန်းမော်မြို့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။

နေရပ်တိမ်းရှောင်ရေးနဲ့ လုံခြုံရေးအရ အခုလို အချိန်နောက်ကျပြီးမှ အများပြည်သူဆီ တင်ပြရတာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကို မချစ်လို့မဟုတ်ဘဲ စစ်အာဏာရှင် လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတာကြောင့် ပြည်သူလူထုဘက်ကနေ ရုံးမတက်ပဲ ရုန်းထွက်ရပ်တည်ရခြင်းဖြစ်ကြောင်း၊ ဆရာသမားများကိုလည်း ကန်တော့ခဲ့ကြောင်း ရဲအုပ်အောင်ကိုကိုကျော်ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

8 months Ago
More News
Up