မင်းဘူးခရိုင်

A d v e r t i s e m e n t With Us

October 26, 2020

မင်းဘူးခရိုင်တွင် မဲဆန္ဒရှင်အရေအတွက် ၅၄၀,၀၀၀ ကျော်ရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်မှာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရရှိတဲ့ မဲဆန္ဒရှင်အရေအတွက် ၅ သိန်း ၄ သောင်းကျော် ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် ကြေညာချက်စာရင်းတွေအရ ဆန္ဒမဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်အရေအတွက် ၅၄၀၀၀၀ ကျော်ရှိတယ်လို့ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောပါတယ်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၆ ဦးအပါအဝင် ပါတီ အရေအတွက် ၁၁ ခုနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆ ဦးရှိတဲ့ အနက် နှင်းဆီပါတီဖျက်သိမ်းလိုက်​တာကြောင့် ​ကိုယ်စားလှယ်လောင်း ၁၇ ဦးလျော့သွားလို့ ပါတီ ၁၀ ခုနဲ့ ကိုယ်စားလှယ်လောင်း ၇၉ ဦး ဝင်ရောက်အရွေးချယ်ခံမယ်လို့ ဆိုပါတယ်။ မင်းဘူးခရိုင်အတွင်းမှာ တပ်ပြင်ပ မဲရုံ ၁၃ ရုံအပါဝင် မဲရုံအရေအတွက် ၇၆၀ ကို ကိုဗစ်-ရောဂါ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဖွင့်လှစ်သွားမှာဖြစ်ပြီး မဲရုံမှူးတွေအပါဝင် မဲရုံဝန်ထမ်းတွေကိုလည်း သင်တန်းတွေ ပို့ချပေးထားတယ်လို့ ဦးမြင်ကျော်က ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ မဲဆန္ဒရှင်အရေအတွက် ၃၂ သိန်း ၇ သောင်းကျော်ရှိပြီး ကိုယ်စားလှယ်လောင်း ၃၉၂ ဦး ဝင်ရောက်အရွေးချယ်ခံမယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ သတင်း-မင်းထီး
4 months Ago
Up