မင်းဓမ္မရိပ်သာ

A d v e r t i s e m e n t With Us

December 26, 2019

မင်းဓမ္မရိပ်သာ ဆရာများအိမ်ရာ ၊ ဝန်ထမ်းအိမ်ရာနှင့်  သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်လှစ် 

မင်းဓမ္မရိပ်သာ ဆရာများအိမ်ရာ ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာနဲ့ သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်က မနက်က ရန်ကုန်မြို့မှာ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပညာရေးဝန်ထမ်းတွေနဲ့ ဆရာ/ဆရာမတွေအတွက် နိုင်ငံတကာအဆင့်မီ အိမ်ခန်းပေါင်း ၁၁၀၄ ၊ ရေကူးကန်နဲ့ Gym ၊ ကုန်ပစ္စည်းအရောင်းဆိုင်တွေနဲ့ အများသုံး အဆောက်အအုံတွေပါဝင်ပါတယ်။ မင်းဓမ္မဥယျာဉ်မြို့ အိမ်ရာစီမံကိန်းကို ပညာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ဦးဆောင်ပြီး ၂၀၁၆ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ  Myanmar Imperial Vega ကုမ္ပဏီကို အပ်နှံ ဆောက်လုပ်စေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်လုပ်နေဆဲ အိမ်ခန်းပေါင်း ၁၂၀၀ ကျော်ကိုလည်း ၂၀၂၀ မှာ အပြီးဆောက်လုပ်ပြီး အပ်နှံသွားမယ်လို့ သိရပါတယ်။  
1 year Ago
Up