မင်းတုန်း

February 15, 2020

မကွေးတိုင်း မြို့နယ် ၃ ခုတွင် တရားမဝင် ဘင်္ဂါလီ ၂၀ ကျော် ဖမ်းမိ

မကွေးတိုင်း မင်းလှ၊ မင်းတုန်းနဲ့ ငဖဲမြို့နယ်တွေမှာ ရခိုင်ပြည်နယ်ဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၂၂ ဦးကို ဖေဖော်ဝါရီ ၁၄ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မင်းလှမြို့နယ် ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက ပြောပါတယ်။ မင်းလှမြို့နယ် လက်ပံတံခါးရွာ မြေနီလမ်းဘေးအရှေ့ဘက်မှာ ဘင်္ဂါလီ ၁၉ ဦး၊ မင်းတုန်းမြို့နယ်ထဲမှာ ဘင်္ဂါလီ ၂ ဦး၊ မင်းဘူး-အမ်းကားလမ်း ငဖဲမြို့နယ် မန်‌အောင်ကျေးရွာအုပ်စု၊ မရိုးကန်‌‌ရွာနားမှာ ဘင်္ဂါလီ ၁ ဦးတို့ကို ဖမ်းဆီးရခဲ့မိတာပါ။ မကွေးတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့အတွက် ဘင်္ဂါလီတွေကို ပွဲစားတွေက ရန်ကုန် ဒါမှမဟုတ် ရန်ကုန်ကတဆင့် မလေးရှားကို ပို့ဖို့ ခေါ်လာချိန် ဖမ်းမိတာလို့ ရဲအုပ်က ပြောပါတယ်။ ရခိုင်ပြည်နယ်က တရားမဝင် ဝင်လာတဲ့ ဘင်္ဂါလီတွေကို ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေနဲ့ မင်းလှမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။ တင်ရွှေ(မင်းဘူး)၊ ဓာတ်ပုံ-ရေနံမနယ်မြေရဲစခန်း
1 year Ago
Up