မင်းကိုနိုင်၏ လက်ရာ

November 12, 2020

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က မင်းကိုနိုင်၏ လက်ရာ-“အရူးတသိုက်နှင့် ထုပ်စည်းတိုးခြင်း" (ကဗျာ)

ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အကြာက ရေးသားခဲ့တဲ့ ကဗျာတပုဒ်ဟာ လတ်တလော ဖေ့စ်ဘွတ်ခ်အင်တာနက်လူ မှုကွန်ရက်စာမျက်နှာတွေပေါ် ရေပန်းစားနေခဲ့ပါတယ်။ ဒီကဗျာကိုတော့ မင်းကိုနိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်က တဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီးရေးခဲ့တဲ့ကဗျာ… သုံးနှစ်လောက် အိမ်နဲ့တွေ့ခွင့် မရ… ၁၉၉၂ ခုနှစ် မိသားစုနဲ့ ဆယ့်ငါးမိနစ်တွေ့ခွင့်ရတဲ့အခါမှ ရွတ်ပြခွင့်ရ… နောက်ဆုံး အခေါက်အိမ်ပြန်ရောက်ပြီး… ၂၀၁၃ ခုနှစ်မှာထုတ်တဲ့ သူကြီးသားမက်၏သူငယ်ချင်း ကဗျာပေါင်းချုပ်မှာ ဖော်ပြနိုင်ခဲ့” မင်းကိုနိုင်ကိုတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွေ မှာ ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ စတင်ပါဝင် လှုပ်ရှားလာခဲ့သူတယောက်အနေနဲ့ အားလုံးက သိကြမှာဖြစ်ပြီး သူ့ရဲ့ ဘဝအချိန် အတော်များများကိုလည်း အကျဉ်းထောင် ထဲမှာပဲ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၅၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မင်းကိုနိုင်ရဲ့ နာမည်ရင်းကတော့ ပေါ်ဦးထွန်း ဖြစ်ပြီး ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက် နိုင်ငံရေးလှုပ်ရှားမှုတွေအပြင် သူ့ရဲ့ အခြားတ ဖက်စာမျက်နှာက အနုပညာအရည်အသွေးတွေကိုလည်း ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့အသက် ၄၇ နှစ်ပြည့် မွေးနေ့မှာ ထုတ်ဝေခဲ့တဲ့ “နောက်ကြည့်မှန်”ဝတ္ထုက တော့ မင်းကိုနိုင်ရဲ့ ထင်ရှားတဲ့ စာအုပ်တအုပ် ဖြစ်ခဲ့ပါတယ်။ ရှစ်လေးလုံးနောက်ခံ ဇာတ်အိမ်တည်ထားခဲ့တဲ့ ဒီဝတ္ထုထဲမှာတော့ အဲဒီခေတ်က အခြေအနေ၊ ဇာတ်ကောင်စရိုက်အဖွဲ့အနွွဲ့တွေနဲ့အတူ သုတ၊ ရသဟန်ချက်ညီညီ ရေးဖွဲ့ ထားခဲ့တဲ့ သမိုင်းနောက်ခံဝတ္ထုတပုဒ် ဖြစ်ပါတယ်။ မင်းကိုနိုင်ရဲ့ နောက်ထပ်ထင်ရှားတဲ့ စာအုပ်တချို့ကတော့ ကောက်နွယ်ကနောင် ပြုံးချိုဖတ်ဖို့ကဗျာ(မင်းကိုနိုင်၊နောင်ကျော်၊ပြုံးချို)၊ ထာဝရအောင်လံ၊ လူငယ်နှင့် လွပ်လပ် မှုတန်ဖိုး၊ တောဘူတာရုံကလေးအတွက်ဥသြသံ၊ မောင်ပေါ်ထူးနှင့်မသံသာ၊ တရားခံ စံပယ်ပင်နှင့်အပေါင်းအပါကဗျာများ၊ ဖိနပ်ဟောင်းရဖို့ သေနတ်ပြောင်းဝသို့ ပြန်မ ရောက်စေချင်နှင့်...စာစုများ၊ သူကြီးသားမက်၏သူငယ်ချင်း၊ ကျေးဇူးတင်ပါသည်စတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ ခုလတ်တလော ရေပန်းစားနေတဲ့ "အရူးတသိုက်နှင့် ထုပ်စည်းတိုးခြင်း"ကဗျာက တော့ သူကြီးသားမက်၏သူငယ်ချင်း စာအုပ်ထဲမှာ ပုံနှိပ်စာမူအနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါ တယ်။ "အရူးတသိုက်နှင့် ထုပ်စည်းတိုးခြင်း" ခေါင်သူကြီးက အရူးပါး အသင်းသားတွေက နဝေတိမ်တောင် ကွင်းလယ်ခေါင် ဖုန်တွေလူးလို့  ရူးချင်ယောင်ဆောင်။ စည်းကျော်လို့ ဖမ်းတာတောင် အောင်လံထူ တို့အသင်း ထမင်းရည်ပူပြန်သတဲ့ ခြေကန်လို့ ငြင်း။ #မင်းကိုနိုင် (သူကြီးသမက်၏သူငယ်ချင်း ကဗျာစာအုပ်မှ)
2 years Ago
Up