မင်းကင်း-ကလေးဝ

September 25, 2021

မင်းကင်း-ကလေးဝ နယ်စပ်တွင် စစ်ကောင်စီနှင့် PDF တိုက်ပွဲဖြစ်၊ ဒေသခံများ ထွက်ပြေး

မင်းကင်းမြို့နယ်နဲ့ ကလေးဝ နယ်စပ်နှစ်ခုကြား ဂုံညင်းကျေးရွာအနီးမှာ ဒီနေ့မနက် ၇ နာရီဝန်းကျင်ကနေ နေ့လယ် ၁ နာရီလောက်အထိ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ မင်ကင်း PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အင်အားက ဒီကောင်တွေ ၆၀ ကျော် ၇၀ နီးပါးလောက်ရှိမယ် ထင်တယ်။ အဲကောင်တွေဘက်က ၅  ဦးထက်မနည်း သင်္ချိုင်းပို့လိုက်တယ်။ ကျနော်တို့ဘက်ကတော့ ၁ ဦးကျတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ အတည်ပြုလို့ရဦးမယ်” လို့ ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်း နှစ်ဘက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ယင်းမာ၊ တောင်စာရေး၊ ဂုံညင်း၊ မင်းဘူးရွာက ဒေသခံတွေ  နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်လို့ သိရပါတယ်။

နှစ်ဘက် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

1 year Ago
Up