မင်းကင်းမြို့နယ်

A d v e r t i s e m e n t With Us

December 3, 2020

မင်းကင်းမြို့နယ် NLD ဥပ​ဒေအ​ထောက်ကူပြု​ကော်မတီဥက္ကဋ္ဌကို ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီး တရားစွဲ 

စစ်ကိုင်းတိုင်း​၊ မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပ​ဒေအ​ထောက်ကူပြု​ ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်ကို ကြံ့ခိုင်ရေးပါတီအမတ်က  နိုင်ငံ​တော်အကြည်ညိုပျက်​စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ဒီဇင်ဘာ ၃ ရက်​နေ့က တရားစွဲပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။  ဦးကျော်မင်းထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်က​နေ​ ရေးသားထားတဲ့ ပို့စ်တခုကို အ​ကြောင်းပြုကာ မင်းကင်းမြို့နယ် ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီရဲ့ လက်ရှိတိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ​ဒေါက်တာဆန်းဝင်းက​နေ တိုင်တန်းခဲ့တာ​ကြောင့် မင်းကင်းမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်​ရေးမှူးက တရားလိုလုပ်ကာ တရားရုံးမှာ ဦးတိုက်​လျှောက်ခဲ့တာဖြစ်ပါတယ်။ မင်းကင်းမြို့နယ် စခန်းမှူး ဦး​ဇော်မိုး​ကျော် က "တရားစွဲတာ​တော့ ဟုတ်ပါတယ်။ မင်းကင်းမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်​ရေးမှူးက​နေ တရားရုံးကို တိုက်ရိုက်​​လျှောက်တာ။ ၅၀၅(ခ)နဲ့ ဖမ်းဝရမ်းကျလာ​တော့ ကျ​နော်တို့ ဒီ​နေ့ဖမ်း​ပေးရတာ​"လို့ ​ပြောပါတယ်။ ဦးကျော်မင်းထွဋ်ရဲ့ညီဖြစ်သူ ကို​ကျော်မင်း​အောင်ကတော့ "မင်းကင်းတရားရုံးက ၅၀၅(ခ)နဲ့စွဲဆိုထားတဲ့အတွက် ဖမ်းဝရမ်းပါလာတယ်။ ဖမ်းဝရမ်းထဲမှာ စွဲရတဲ့အ​ကြောင်းရင်းကို​တော့ မပါဘူး။ မြို့နယ်​ထွေအုပ်ရုံးမေးကြည့်​တော့ သူက လိုင်း​ပေါ်မှာ အိမ်တံခါးပိတ်ပြီး​တော့ လုံခြုံ​ရေးသတိရှိဖို့ဆိုပြီးတင်တာ​ကြောင့် ပြည်ခိုင်ဖြိုးပါတီက ကိုဆန်းဝင်းက တိုင်လို့ ဥပ​ဒေအကြံ​တောင်းတင်ပြီး စွဲရတာလို့​ပြောတယ်"လို့ ​​ပြောပါတယ်။ ​​ဖေ့စ်​ဘွတ်ခ်ပေါ်တင်တာ  အများပြည်သူအထိတ်တလန့်ဖြစ်တယ်ဆို ပြီး​တော့ ​ဒေါက်တာဆန်းဝင်းက တိုင်ကြားခဲ့တာလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးဆန်းဘိုက ပြောပါတယ်။  " ဒီ​နေ့ ၅၀၅ နဲ့ဆွဲတာ ၂ မှု​ပေါ့။ ၁ မှုက သူတိုင်တာ။ ၁ မှုက ​ဒေါက်တာဆန်းဝင်းက သူ့ကိုတိုင်တာ။ ကျ​နော်တို့က အဆင့်ဆင့်ခွင့်ပြုချက်တင်လိုက်​တော့ မ​နေ့ကခွင့်ပြုချက်ကြလို့ ဒီ​နေ့ ဆွဲလိုက်တာ။”   စစ်ကိုင်းတိုင်း​၊ မင်းကင်းမြို့နယ် မင်းကင်းမြို့နယ်မှာ နိုင်ငံ​တော်အကြည်ညိုပျက်​စေမှုပုဒ်မ ၅၀၅(ခ)နဲ့  တိုင်တန်းမှု ၁၅ မှုရှိတယ်လို့ သိရပါတယ်။ သတင်း - ဌေးလှိုင်
3 months Ago

November 8, 2020

မင်းကင်းမြို့နယ်ရှိ ရပ်ကျေး မဲရုံ ၃ ရုံတွင် ဆန္ဒမဲပေးမှုပြီးစီး 

စစ်ကိုင်းတိုင်း​ဒေသကြီး၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၈ ရက်​နေ့ မွန်းတည့် ၁၂ နာရီလောက်မှာပဲ  မဲရုံ(၃)ရုံမှာ မဲပေးမှုပြီးစီးသွားပြီး မဲ​ပေးမှုရာခိုင်နှုန်း ၄၂ ဒသမ ၇ ရာခိုင်နှုန်း  ရှိတယ်လို့ မင်းကင်းမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးဆန်းဗိုက​ ပြောပါတယ်။ မဲ​ပေးမှုပြီး​မြောက်သွားတဲ့ မဲရုံ​တွေက​တော့ မိုး​ကောင်းအုပ်စု ​​ဂွေး​တောက်ကိုင်းရွာက မဲရုံအမှတ်(၃)၊ လင်းလုအုပ်စု မဟူရွာက မဲရုံအမှတ်(၄)နဲ့ ဝင်ဝဇနပုဒ်မဲရုံတို့ ဖြစ်ပါတယ်။ မင်းကင်းမြို့နယ်မှာ မဲ​ပေးခွင့်ရှိသူ​ပေါင်း ၈၈,၁၂၀ ရှိပြီး မဲရုံ ၁၃၃ ရုံထားရှိကာ မဲရုံဝန်ထမ်းဦး​ရေ ၁,၄၈၁ ရှိပါတယ်။  ​နိုဝင်ဘာ ၈ ရက်​ ​ မွန်းတည့်  ၁၂ နာရီအထိမှာ မဲဆန္ဒရှင် ၃၇,၆၂၃ လာ​ရောက်မဲ​ပေးပြီးပြီလို့ သိရပါတယ်။ မင်းကင်းမြို့နယ်မှာ နိုင်ငံ​ရေးပါတီ ၄ ခု ဝင်​ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး  လွှတ်​တော်ကိုယ်စားလှယ်​လောင်း ၁၈ ဦး ဝင်​ရောက်အ​ရွေးချယ်ခံတာ ဖြစ်ပါတယ်။
4 months Ago
More News
Up