မင်းကင်းမြစ်ရိုး

July 6, 2020

မင်းကင်းမြစ်ရိုးတ​လျှောက်​ လမ်းပိုင်း​များ အဆင့်မြှင့်တင်​ပေးရန် ​ဒေသခံများ တောင်းဆို

စစ်ကိုင်းတိုင်း​၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အထက်ပိုင်းမှာ အသစ်​ ဖောက်လုပ်ထားတဲ့ တစ်​ကြောင်းထိုးလမ်း​တွေကို ရာသီမ​ရွေးသွားလာလို့ရအောင် အဆင့်မြှင့်တင်​ပေးဖို့ ​ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ ​ရှေးယခင်ကတည်းက ချင်းတွင်းမြစ်ရိုးအထက်ပိုင်း​ဒေသခံ​တွေဟာ ​ကျန်းမာ​ရေး၊ လူမှု​ရေး၊ စီးပွား​ရေး အစစအရာရာ ရေလမ်း​​ကြောင်းတစ်ခုတည်းကိုသာ အားကိုးသွားလာ​နေကြရတာ ဖြစ်ပါတယ်။  အသစ်​​ဖောက်လုပ်ထားတဲ့ တစ်​ကြောင်းထိုးလမ်းပိုင်း​တွေ အဆင့်မြှင့်တင်ပေးဖို့ ​ဆောက်လုပ်​ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ​ဒေါက်တာ​ကျော်လင်းနဲ့​ ဒေသခံပြည်သူ​တွေ့ဆုံပွဲမှာ ပြည်သူ​တွေရဲ့ တင်ပြ​ တောင်းဆိုခဲ့ကြတာပါ။ ​လျှော်ဖြူပင်​ကျေးရွာ​နေ ဦးသိန်းမြင့်က “မင်းကင်းမြစ်ရိုးတလျှောက်မှာ အရင်က ​ရေလမ်းတခုပဲ အားကိုးသွားလာ​နေရတာ​ကြောင့် ဒီလမ်း​ဖောက်​ပေးတဲ့အတွက် သွားလာမှု ​တော်​တော်​လေးအဆင်​ပြေ​နေပါပြီ။ ကျ​နော်တို့​ ဒေသတ​လျှောက်ဟာ ကုန်​ရောင်းကုန်ဝယ် အစစအရာရာ က​လေးဝကိုလည်း အမှီပြုပြီး ​သွားလာကြရတဲ့အတွက် အခုကစပြီး သွားလာ​နေကြသလို တစ်​ကြောင်းထိုးပြီးတာနဲ့ ဒီလမ်းကိုအဆင့်မြှင့်​ပေးဖို့ ​တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။ ​မြောက်ချွန်း​ကျေးရွာနေ ဦးသိန်းထွန်းဦးက “၁၂ ရာသီပတ်လုံး သွားလာနိုင်တဲ့ လမ်းဖြစ်ခဲ့ရင်​တော့ ဒီဘက်မြစ်ရိုးခြမ်းက လူ​​တွေအကုန်လုံး အထက်ညာဘက်ခြမ်းက လူ​တွေအကုန်လုံး စီးပွား​ရေးကအစ အားလုံးဖြိုးတိုးတက်လာလိမ့်မယ် ထင်ပါတယ်” လို့ ​ပြောပါတယ်။ ဒီလမ်းပိုင်း​တွေကို အဆင့်မြှင့်တင်​ပေးနိုင်အောင် အစိုးရဆီက ရန်ပုံ​ငွေ​တောင်းခံသွားမယ်လို့ မင်းကင်းမြို့နယ် ​ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘွဲ့ဇာလျန်က ​ပြောပါတယ်။ “ဖောက်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အခါ ပြည်​ထောင်စု ပြင်ထိန်း ရန်ပုံ​​ငွေက​နေ ကျခံပါတယ်ဗျ။ ​ဖောက်လုပ်ပြီးသားပြင်တာက ၁၆ မိုင်၊ အသစ် ဖောက်လုပ်တာက ၆၇ မိုင်နဲ့ ၆ ဖာလုံရှိပါတယ်။ အကျိုးပြု​ကျေးရွာက​တော့ ​ကျေးရွာ​ပေါင်း ၆၀ ရှိပါတယ်။ လက်ရှိ​ဖောက်လုပ်တာက​တော့ ၁၈ ​ပေ လမ်း​ကြောင်း​ဖောက်လုပ်ဖို့အတွက် ​ပေ ၃၀ ယူပါတယ်။ ဒီလမ်းကို​​တော့ အစိုးရဆီက ရန်ပုံ​ငွေ​တောင်းခံပြီး​တော့ ဆက်လက်​ဆောင်ရွက်သွားဖို့ရှိပါတယ်။”
1 year Ago
Up