လူမည်း လူသတ်တရားခံ သံသယရှိသူတဦး သေဆုံးပြီးနောက် သြဂုတ် ၂၆ ရက်က အကြမ်းဖက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးက အရေးပေါ် အခြေအနေထုတ်ပြန်လိုက်ပါတယ်။
မင်နီယာပိုလစ်မြို့တော်ဝန် ဂျက်ကော့ဖရေးကလည်း အုပ်စုလိုက် လုယက်တာတွေ၊ ဖျက်ဆီးတာတွေနဲ့ မငြိမ်သက်တာတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် သေဆုံးသူနဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းတွေ ပျံ့နေတယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ဂျော့ဖလွိုက်ဆိုတဲ့ လူမည်းတဦး သေဆုံးပြီးနောက်မှာ မင်နီယာပိုလစ်မြို့ဟာ ဆန္ဒပြပွဲတွေရဲ့ ဗဟိုချက်မ ဖြစ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို မင်နီယာပိုလစ်ရဲတပ်ဖွဲ့က တွစ်တာမှာ ပို့စ်တင်ခဲ့ပြီး ရဲတပ်ဖွဲ့က ဘာလက်နက်နဲ့မှ မပစ်ခတ်ဘဲ လူသတ်တရားခံဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။
6 months Ago