မင်းခြံမြို့တွင်​ အများပြည်​သူအတွက်​ food bank ထားရှိ

A d v e r t i s e m e n t With Us

June 23, 2019

မြင်းခြံမြို့တွင်​ အများပြည်​သူအတွက်​ food bank ထားရှိ

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့ ဆန္ဒ​တော်​ပြည့်စေတီအနီးမှာ ဇွန်​လ ၂၂ ရက်​​နေ့ ​နေ့လယ်​ပိုင်းကစတင်​ပြီး အများပြည်​သူတွေ အခမဲ့ စားသုံး​စေဖို့​ ရည်​ရွယ်​ပြီး food bank တခုကို ထားရှိ​ပေးခဲ့ပါတယ်​။ food bank ကို မြင်းခြံမြို့ forever friends လူငယ်​ပရဟိတအဖွဲ့နဲ့ မြင်းခြံမြို့မှ ​အလှူရှင်​များစု​ပေါင်းပြီး အစားအစာ​တွေကို ဝယ်ယူ​မစားနိုင်​​တဲ့ ဆင်းရဲနွမ်းပါးချို့တဲ့ တဲ့ ပြည်​သူတွေအတွက်​ ရည်​ရွယ်ဖွင့်​လှစ်​ထားရှိခဲ့တယ်​လို့ သိရပါတယ်​။ forever friends အဖွဲ့​ခေါင်း​ဆောင်​ဖြစ်​တဲ့ ကို​ဇော်​မင်း​အောင်​ က "အဓိကရည်​ရွယ်​ချက်​က ဒီ food bank ထဲရှိ အစားအစာ​တွေကို လူမျိုးဘာသာ အယုတ်​အလတ်​ အမြတ်​မ​ရွေး ယူ​ဆောင်​စား​သောက်​နိုင်​​ရေးအတွက်​ လှူဒါန်းတာ ဖြစ်​ပါတယ်​။ ​နောက်​ပြီး မိမိအတွက်​လည်းယူ အခြားသူများလည်းရရှိ​စေ​ရေးအတွက်​ စည်းကမ်းရှိဖို့ကအ​ရေးကြီးပါတယ်​။ ကိုယ့်ထက်​တကယ်​ ဆင်းရဲချို့တဲ့​သောသူများ ရရှိ​စေဖို့ဆိုတဲ့ အသိစိတ်​ဓာတ်​​လေး​မွေးကာ ယူ​ဆောင်​စား​သောက်​​စေဖို့ ရည်​ရွယ်​လုပ်​​ဆောင်​တာဖြစ်​ပြီး၊ ​ရေရှည်​တည်​တံ​အောင်​မြင်​​စေဖို့ဆိုရင်​ စည်းကမ်းရှိရှိဖြင့် ကိုယ်​ချင်းစာတရား လက်​ကိုင်​ထားကာ တဖက်​တလမ်းက ပူး​ပေါင်းပါဝင်​ကြဖို့လည်း လိုပါတယ်​”လို့ ​ပြောပါတယ်​။ food bank ထဲမှာ မုန့်​မျိုးစုံနှင့်​အတူ ​ရေဘူး၊ အချိုရည်​ဘူတွေကိုလည်း ထားရှိ​ပေးခဲ့တာဖြစ်​ပါတယ်​။ ပြီးခဲ့တဲ့ ဇွန်​လ ၆ ရက်​​နေ့က မန္တ​လေးမြို့တွင်​ one to one ပြည်​သူ့ကူညီ​ရေးပရဟိတအဖွဲ့မှ food bank ကို စတင်​ပြုလုပ်​ခဲ့တာဖြစ်​ပြီး အခုဆိုရင်​ အခြားမြို့ကြီးတ​ချို့တွေမှာ food bank ​တွေကို ဖွင့်​လှစ်​ထားရှိ​နေကြပါတယ်။ သတင်း - ရီရီထွန်း (မြင်းခြံ)၊ ဓာတ်​ပုံ - ကို​ဇော်​မင်း​အောင်
2 years Ago
Up