မင်းပြားမြို့အနီး ရာ​မောင်​တံတားပြင်နေ၍

November 29, 2016

မင်းပြားမြို့အနီး ရာ​မောင်​တံတားပြင်နေ၍ လမ်းခရီးကြန့်​ကြာ​နေ

ရခိုင်ပြည်နယ် မင်းပြားမြို့အနီးက ရာမောင်တံတား ပြုပြင်နေတာကြောင့် ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေးကားတွေ လမ်းခရီးကြန့်ကြာနေတယ်လို့ မင်းပြားမြို့ဒေသခံတွေက ပြောပါတယ်။ ရာမောင်တံတား အကြီးစားပြုပြင်မှုကြောင့် ခရီးသွားတွေနဲ့ ကုန်တင်ယာဉ်တွေဟာ ရာမောင်မြစ်ဇက်ဆိပ်ကို အသုံးပြုနေတာ ၆ လ လောက်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိ ရာမောင်မြစ်ကို ဖြတ်သန်းပြီး ရာမောင်ဘက်ကနေ မင်းပြားမြို့ကြား သင်္ဘောဇက်တွေနဲ့ ကားတစီးကို ကျပ် ၃ သောင်းခွဲနဲ့ ၂ သောင်းခွဲခန့်ယူပြီး  ဇက်ကူးပေးနေ တယ်လို့ ကားသမားတွေက ပြောပါတယ်။
6 years Ago
Up