မင်းဘူး အမှတ်​၂ ​ဈေးကို ကျပ်​သိန်း ၂ သောင်း​ကျော်​ဖြင့် ကိုယ်​ထူကိုထ ပြန်​ဆောက်​မည်

February 17, 2019

မင်းဘူး အမှတ်​၂ ​ဈေးကို ကျပ်​သိန်း ၂ သောင်း​ကျော်​ဖြင့် ကိုယ်​ထူကိုထ ပြန်​ဆောက်​မည်

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူးမြို့ အမှတ်​ ၂ ​ဈေးကို ကျပ်​သိန်း​ပေါင်း ၂၃၀၀၀ ​ကျော်​ ကုန်​ကျခံပြီး ကိုယ်​ထူကိုယ်​ထ ပြန်​လည်​တည်​​ဆောက်​မယ်​လို့ ​သိရပါတယ်​။ မင်းဘူးမြို့ အမှတ်​၂ ​ဈေးဖြစ်​​မြောက်​​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဦးမစ်​ကီက "​ဈေးဆိုင်​ခန်းအ​နေနဲ့ ကုန်​စုံဆိုင်​ ၁၇၆ ခန်း၊ စား​သောက်​ဆိုင်​ ၂၂ ခန်း၊ ပျံကျဆိုင်​ ၁၄၆ ခန်း ပါဝင်​မှာဖြစ်​တယ်​။ ဆိုင်​ခန်းအားလုံး​ရောင်းကုန်​ပါက ကျပ်​နှစ်​​သောင်း ခုနှစ်​​ထောင်​ ​ကျော်​ရရှိမှာဖြစ်​ပြီး ပိုလျှံ​ငွေကို ရန်​ပုံ​ငွေအဖြစ်​ ထားရှိမှာဖြစ်​တယ်​။ ဈေး​ဆောက်​လုပ်​မယ့်​ကိစ္စက တိုင်း​ဒေသကြီး အစိုးရအဖွဲ့ရဲ့ သ​ဘောထား​ပေါ်မူတည်​​နေပြီး ၂၀၁၈ ဒီဇင်​ဘာ ၁၇ ရက်​​နေ့က စတင်​ခဲ့​ပေမယ့်​ လုပ်​​ဆောင်​ချက်​ မပြနိုင်​​သေးပါဘူး။ ဈေးသူ​ဈေးသား​တွေ ထည့်ဝင်​​ငွေနဲ့ တည်​​ဆောက်​ရမှာဖြစ်​လို့ အမြန်​ဆုံး အ​ကောင်​ထည်​​ဖော်​​ဆောင်​ရွက်​ချင်​တယ်​" လို့ ဒီဗွီဘီကို​ပြောပါတယ်​။ မီး​ဘေးကြိုတင်​ကာကွယ်​​ရေးအတွက်​ ​ရေဂါလန် ၁၂၀၀၀ ဆန့်တဲ့  ကန်​လုပ်​ဖို့ရှိပြီး ပိုလျှံ​ငွေနဲ့ မီးသတ်​စက်​​တွေ လုပ်​ဖို့ စီစဉ်​ထားသလို လုံခြုံ​ရေးအတွက်​လည်း CCTV ကင်​မရာ အလုံး ၇၀ ​ကျော်​တပ်​ဆင်​သွားမယ်လို့ ဆိုပါတယ်။ မင်းဘူးခရိုင်​ အုပ်​ချုပ်​​ရေးမှူး ဦးဆန်း​ဌေးက "မင်းဘူမြို့မှာ ယခင်​ကတည်းက အမှတ်​ ၂ ​ဈေးရှိခဲ့ပြီး ပြန်​လည်​တည်​​ဆောက်​နိုင်​ဖို့ ​ဈေးသူ​ဈေးသား​တွေအားလုံးရဲ့ သ​ဘောတူညီမှု ရယူခဲ့တာပါ။ သက်​ဆိုင်​ရာ စည်​ပင်​သာပါ​ရေးဝန်​ကြီးဌာနနဲ့ သ​ဘောတူညီလက်​မှတ်​​ရေးထိုးကာ ​ဈေးတည်​တည်​​ဆောက်​မှာဖြစ်​တဲ့အတွက်​ မင်းဘူးမြို့မှာ ​ဈေးတဈေး ထပ်​မံ​ပေါ်​ပေါက်​လာမှာပါ။ ​ဈေးသူ​ဈေးသား​တွေအပါအဝင်​ မင်းဘူးမြို့အတွက်​ အလုပ်​အကိုင်​အခွင့်လမ်း​တွေ ရရှိမှာဖြစ်​တယ်​” လို့ ​ပြောပါတယ်​။ အမှတ်​ ၂ ဈေးဟာ အင်္ဂလိပ်​​ခေတ်​၊ ဂျပန်​​ခေတ်​ကတည်းက တည်​ရှိခဲ့တာဖြစ်​ပြီး ၁၉၈၈ ​နောက်​ပိုင်း စစ်အစိုးရလက်​ထက်​မှာ ​ဈေးသစ်​တခုတည်​​ဆောက်​လိုက်​တဲ့အတွက်​ မင်းဘူးမြို့ အမှတ်​ ၂ မြို့မ​ဈေး ပျက်​စီးခဲ့တာလို့ မင်းဘူးမြို့ခံ ဦးမိုး​ကျော်​ခိုင်​က ပြောပါတယ်။ ဒါ့အပြင် အမှတ်​ ၂ ​ဈေးဟာ ဆိပ်​ကမ်း​ဈေးတ​ဈေးဖြစ်​ပြီး မင်းဘူးခရိုင်​အတွင်း ​ရေ​ကြောင်း၊ ကုန်း​ကြောင်းနဲ့ သွားလာတဲ့​ ပြည်​သူ​တွေလည်း အဆင်​​ပြေသလို တ​နေရာတည်း သန့်​ရှင်းသပ်​ရပ်​တဲ့ ​ဈေးတ​​ဈေးဖြစ်​လာမှာမို့ မင်းဘူးမြို့ဂုဏ်​​ဆောင်​နိုင်​မယ်လို့ ဆိုပါတယ်​။ လက်ရှိမှာတော့ မင်းဘူး (စကု) မြို့နယ်အတွင်း အမှတ်​ ၁ မြို့မ​ဈေးကို အဓိကထား အသုံးပြုနေကြပါတယ်။ သတင်း-မင်းထီး
3 years Ago
Up