မင်းဘူး၌ ​ရှေး​ဟောင်​ပစ္စည်း တရားမဝင်​ ဆက်လက်တူး​ဖော်​​သူများကို အရေးယူမည်

A d v e r t i s e m e n t With Us

June 24, 2019

မင်းဘူး၌ ​ရှေး​ဟောင်းပစ္စည်း တရားမဝင်​ ဆက်လက်တူး​ဖော်​​သူများကို အရေးယူမည်

မင်းဘူး(စကု) မြို့နယ်​ ဇရပ်​ကြီး​ကျေးရွာနဲ့ အလံပါယ်​​ကျေးရွာကြားမှာ ဇွန်​ ၂၃ ရက်​​နေ့ ​ည​နေပိုင်းက ရှေး​ဟောင်းပစ္စည်း တရားမဝင် ​​တူး​ဖော်​​နေမှု​တွေကို ပိတ်​သိမ်းလိုက်​ပြီး ဆက်လက်တူးဖော်ပါက အရေးယူသွားမယ်လို့ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်စားလှယ်က ပြောပါတယ်။ မင်းဘူးမြို့နယ် တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်စားလှယ်​ဦး​ကျော်​​ငွေက တရားမဝင်​ ​ရှေး​ဟောင်း ​အ​မွေအနှစ်​​တွေ တူး​ဖော်​​နေတယ်​လို့ Facebook လူမှုကွန်ရက်​စာမျက်​နှာ​တွေမှာ ပျံ့နှံ့​နေတဲ့အတွက်​ ဝန်​ကြီးချုပ်​ရဲ့ တာဝန်​​ပေးချက်​အရ သွား​ရောက်​တားမြစ်​ခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။ “တ​နိုင်​ငံလုံးက သိသွားတဲ့ အဖိုးတန်​ ​ရှေး​ဟောင်းပစ္စည်း​တွေဖြစ်​တဲ့အတွက်​ ဒီတိုင်းဆက်​လက်​ပြီး ​ရှေးရှုလို့မရ​တော့ပါဘူး။ ယခင်​ကတားမြစ်​မှု​တွေ ရှိခဲ့​ပေမယ့် ဆက်​လက်​တူး​ဖော်​​နေတဲ့အတွက်​ ထပ်​မံတားမြစ်​ခဲ့တာပါ။ လောဘတက်​ပြီး ထပ်​မံတူး​ဖော်​ပါက နံပါတ်​တစ်​ ယာခင်းပိုင်​ရှင်​ အ​ရေးယူခံရမှာပါ။ ယာခင်းပိုင်​ရှင်​​တွေအ​နေနဲ့ အခ​ကြေး​ငွေယူပြီး ​ရောင်းချမှု​တွေလုပ်​ထား​ရင်​လည်း လုပ်​ပိုင်​ခွင့်​မရှိဘဲ လယ်​ယာလုပ်​ငန်းဘဲ ခွင့်​ပြုထားတာဖြစ်​ပါတယ်​။ ​ရှေး​ဟောင်းပစ္စည်​​တွေကို နိုင်​ငံ​တော်​က ​ခေတ်​အလိုက်​ ​ဈေးပို​ပေးဝယ်​ယူတာရှိပြီး ကုန်​သည်​ပွဲစားလက်​ထဲ ​ရောက်​ရင် ​ပြည်​ပနိုင်​ငံ​တွေကို ​ရောင်းကြမှာပါ။ ဆက်​လက်​တူး​ဖော်​တာ​တွေပြုလုပ်​ပါက ယာခင်းပိုင်​ရှင်​​တွေကို အ​ရေးယူမှာဖြစ်​ပြီး အဆင့်​ဆင့်​ သတင်း​ပေးပို့ရမယ်​။” မ​ကွေးတိုင်း ​ရှေး​ဟောင်းသု​တေသနနှင့် အမျိုးသားပြတိုက်​ဦးစီးဌာန တိုင်းဦးစီးမှူး ဦး​စောလွင်​က "လယ်​ယာ ​မြေဆိုတာ ထွန်​ရက်​ စိုက်​ပျိုးရမှာဖြစ်​ပြီး သဘာဝ အ​လျောက်​ ​တွေ့ရှိတာမျိုးဆိုရင်​ ပျူ​ခေတ်​ ​ရွှေထည်​ပစ္စည်းဆိုရင်​ ​ပေါက်​​ဈေး အပြင်​ ၈၀ ရာခိုင်​နှုန်း အပို​ပေးပြီး ပြန်​ဝယ်​ပါတယ်​။ ​ခေတ်​အ​ပေါ်မှာ မူတည်​ပြီး ​ဈေးနှုန်း အ​ပြောင်းလဲ ရှိပါတယ်​။ ပျူ​ခေတ်​ဆိုတာ လွန်​ခဲ့တဲ့ နှစ်​​ပေါင်း ၂၀၀၀ ​ကျော်​ဝန်းကျင်​က လက်​ရာ​တွေဖြစ်​ပြီး ထိန်းသိမ်း​စောင့်​​လျှောက်​ရမှာပါ။ ယာ​မြေ​တွေကို ​မြေလှန်​တူး​ဖော်​ ရှာ​ဖွေကြတဲ့အတွက်​ လယ်​ယာစိုက်​ပျိုး​ရေး လုပ်​ငန်း​တွေလည်းထိခိုက်​ပါတယ်​။ ရလိုက်​တာ ၁ သိန်း​ကျော်​​လောက်​နဲ့ ဥပ​ဒေ​ကြောင်းအရ ရင်​ဆိုင်​ရမယ်​ဆိုရင်​ ​ထောင်​ဒဏ်​ ၇ နှစ်​က​နေ ၁၀ နှစ်​ထိ ချမှတ်​ရမဲ့အပြင်​ ဒဏ်​​ငွေ သိန်း ၃၀ ကျပ်​ထိ ချမှတ်​နိုင်​တဲ့အတွက်​ ​ရှေ့ဆက်​မလုပ်​ဖို့ ပညာ​ပေး တားမြစ်​ခဲ့တယ်​” လို့  ပြောပါတယ်။ မင်းဘူးမြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူးဝင်းထိန်​က ပြီးခဲတဲ့လ ၁၄ ရက်​​နေ့က စခန်းမှူးနဲ့ နယ်​ထိန်းအဖွဲ့က မှုခင်းကျဆင်း​ရေး ​ဟော​ပြောပြီး ဆက်​လက်​တူး​ဖော်​တာ​တွေမလုပ်​ဖို့နဲ့ ဥပ​ဒေ​ကြောင်းအရ အ​ရေးယူမယ်​လို့ တားမြစ်​ထားတယ်လို့ ပြောပါတယ်။ “တားမြစ်​ခဲ့ပြီး​နောက်​ပိုင်း ​ခေတ္တရပ်​နားကြပြီး အ​ရေးယူတာ​တွေမလုပ်​​တော့ ​နောက်​ပိုင်း ပိုပြီးအတင့်​ရဲလာတာဖြစ်​တယ်​။ မိမိယာ​မြေ​ပေါ် လာ​ရောက်​တူး​ဖော်​ရင်​ ပိုင်​နက်​ကျူးလွန်​မှုနဲ့ အမှုဖွင့်​လို့ရတယ်​။ လာ​ရောက်​တိုင်​ကြားမှုမရှိတဲ့အတွက်​ ယာခင်းပိုင်​ရှင်​​တွေပါ ပူ​ပေါင်းပါဝင်​​နေတယ်​လို့ ယူဆလို့ရတယ်​။ ယာခင်းရှင်​ ၁၁ ဦးစာရင်း ​ကောက်​ခဲယူပြီး တူး​ဖော်​သူ​တွေကိုလည်း စာရင်း​ကောက်​ခံ​နေပါတယ်​။ လတ်​တ​လော အ​ရေးယူတာ​တွေ မပြုလုပ်​ဘဲ ဆက်​လက်​တူး​ဖော်​ပါက ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​သွားမယ်​။” အဆိုပါ​ရှေး​ဟောင်း ပစ္စည်း​တွေဟာ ပျူ​ခေတ်​လက်​ရာ​တွေဖြစ်​ပြီး မြို့နယ်​ရဲတပ်​ဖွဲ့မှူး၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊​ ရှေး​ဟောင်းသု​တေသနအဖွဲ့၊ လွှတ်​​တော်​ကိုယ်​စားလှယ်​တွေနဲ့ ဌာနဆိုင်​ရာတာဝန်​ရှိသူ​တွေက သွား​ရောက်​ပိတ်​ပင်​တားမြစ်​ခဲ့တယ်​လို့သိရပါတယ်​။ သတင်း-မင်းထီး
2 years Ago
Up