မင်းဘူး

October 27, 2018

မင်းဘူးမဲဆန္ဒရှင်​များ ကြားဖြတ်​​ရွေး​ကောက်​ပွဲ စိတ်​ဝင်​စားမှု အားနည်း​နေ

ကြားဖြတ်​​ရွေး​ကောက်​ပွဲနဲ့ပတ်​သက်​လို့ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်​က မဲဆန္ဒရှင်​ပြည်​သူ​တွေ စိတ်​ဝင်​စားမှု အားနည်း​နေတယ်​လို့ မင်းဘူးခရိုင်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ ဥက္ကဋ္ဌက ​ပြော​ပါတယ်။ မင်းဘူးခရိုင်​ ​ရွေး​ကောက်​ပွဲကော်​မရှင်​ ဥက္ကဋ္ဌ ဦးမြင့်ကျော်​က "မဲစာရင်း နှစ်​ခါ​ကြေညာတာ လာကြည့်တဲ့ မဲဆန္ဒရှင်​ ၂၀ ​ရာခိုင်​နှုန်းသာရှိပြီး စိတ်​ဝင်​စားမှု ​တော်​​တော်​အားနည်းပါတယ်​။ ​ကော်​မရှင်​အဖွဲ့ဝင်​၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်​​တွေကို ​ရွေး​ကောက်​ပွဲနဲ့ ပတ်​သက်​တဲ့ သင်​တန်း​တွေ ​ပေးထားပါတယ်​။ လစ်​လပ်​​နေတဲ့ မင်းဘူးမဲဆန္ဒနယ်​ အမှတ် ​၂ တိုင်း​ဒေသကြီးလွှတ်​​တော်​ ကိုယ်စားလှယ်​​နေရာအတွက်​ ကိုယ်​စားလှယ်​​လောင်း ၅ ဦး ဝင်​​ရောက်​ယှဉ်​ပြိုင်​မှာပါ။ မင်းဘူးမြို့ ရှမ်းစုရပ်​ကွက်​နေ မဲဆန္ဒရှင်​ ​ဒေါ်ခင်​လပြည့်ဝင်းက "စီးပွား​ရေး အဆင်​မ​ပြေကြတာရယ်​၊ အရမ်း​မျှော်​လင့်ထားတဲ့ပါတီက ရပ်​ကွက်​လမ်း​သေး​သေး​လေး တ​လမ်း​တောင် ​လုပ်​မ​ပေး​တော့ စိတ်​ဝင်​စားမှုက​တော့ ၁၀ ခိုင်​နှုန်း​လောက်​ပဲ ရှိပါတယ်​။ ​ကော်​မရှင်​က မဲစာရင်း ​ကြေညာ​ပေးထား​ပေမယ့် သွား​ရောက်​ ကြည့်ရှုသူ အလွန်​နည်းပါးပါတယ်​။ ခရိုင်​မြို့က ရပ်​ကွက်​တ​ခုဖြစ်​​ပေမယ့် ရှမ်းစုရပ်​ကွက်​မှာ မြို့ပြလမ်း တ​လမ်းမှ မရရှိခဲ့ပါဘူး။ ပြည်​သူက​တော့ ဘယ်​သူတက်​တက်​ ​အားကိုးတကြီး ​ရွေးချယ်​တင်​​မြှောက်​​ပေးတာဖြစ်​ပြီး အားမကိုးရရင်​လည်း ပြန်​ပြီး ဒုက္ခမ​ပေးရင်​ ​ကျေနပ်​ပါပြီ" လို့ ပြောပါတယ်။ နိုဝင်​ဘာလ ၃ ရက်​​နေ့မှာ မင်းဘူး (စကု) မြို့နယ်​ရှိ မဲဆန္ဒရှင်​ပြည်​သူ ၆၈၄၁၄ ဦးက​နေ မဲရုံ​ပေါင်း ၉၆ ရုံမှာ လစ်​လပ်​​နေတဲ့ တိုင်​​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ မဲန္ဒနယ်​ အမှတ်​ ၂ ​နေရာအတွက်​ မဲ​ပေး​ရွေးချယ်​ကြမှာပါ။ သတင်း-မင်းထီး
3 years Ago
Up