မင်းပြားမြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေး

A d v e r t i s e m e n t With Us

June 2, 2019

မင်းပြားမြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေး (ရုပ်သံ)

ရခိုင်​ပြည်​နယ် ​မင်းပြားမြို့နယ်​ ​ရွှေတမာ​ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်​ပွဲဖြစ်​ပွားပြီး လက်​နက်​ကြီး၊ လက်​နက်​ငယ်​တွေနဲ့ အဆက်​မပြတ်​ပစ်​​ခတ်နေတာကြောင့် ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်ပြီး ရွာဦးဘုန်​ကြီး​ကျောင်းကို ထွက်​​ပြေး​နေကြရ​တယ်လို့ ​ရွှေတမာ ​ကျေးရွာအပ်​ချုပ်​​ရေးမှူး ဦး​ကျော်သိန်းက အတည်​ပြု​ပြောကြားပါတယ်​။ "​နေ့လယ် ၂ နာရီ​ကျော်​​လောက်​မှာ ဖြစ်​ကြတာပါ။ မင်းပြားမြို့နယ် အထက်ပိုင်း ရွှေတမာကျေးရွာနဲ့ ရခိုင်လက်မရွာ၊ ကုလားလက်မရွာ၊ ယင်းရွာနားမှာ ဖြစ်​​​နေကြတာပါ။ လက်​နက်​ကြီးသံ​တွေ ကျယ်​​လောင်​စွာ အဆက်​မပြတ်​ကြား​နေရ​တော့ ရွာသူ/သား​တွေ ထိတ်လန့်​စိုးရိမ်​ပြီး အိမ်​​တွေကနေ ထွက်​ပြေးကာ ဘုန်ကြီး​ကျောင်းကို ​ပြေးကြတာပါ။ အခုလည်း ဖြစ်​​နေကြတုန်းပါ။ ရွာနဲ့ နီးနီး​လေးပါ ရွာအနားမှာလည်း လက်​နက်​ကြီး​တွေကျ​နေပါတယ်​။" ​ရွှေတမာ​ကျေးရွာမှာ အိမ်​​ခြေ ၃၀၀ ​ကျော်​ရှိ​တယ်လို့ သိရပြီး ထွက်ပြေးလာကြတဲ့သူတွေဟာ လက်ရှိမှာတော့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒီဗွီဘီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ မအားသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပြီး အေအေတပ်ဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ တိုက်ပွဲဖြစ်ပွားတာ မသိရှိသေးဘူးလို့ ပြောပါတယ်။ ​ကျော်​လင်းဦး
2 years Ago
Up