မင်းပြားတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ် ၄ လုံး မီးလောင်

January 20, 2019

မင်းပြားတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ် ၄ လုံး မီးလောင်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စမ္ဘလေကျေးရွာမှာ ဒီကနေ့မနက်အစောပိုင်းက မီးကြွင်းမီးကျန်ကနေတဆင့် ကူးစက်ပြီး နေ့အိမ် ၄ လုံး မီးလောင်ကျွမ်းသွားတယ်လို့ မင်းပြားမြို့မီးသတ်ဌာနက ဒီဗွီဘီကိုပြောပါတယ်။ မင်းပြားမြို့ မင်းသတ်ဦးစီးမှူးက “ဒီကနေ့ လောင်သွားတာ နေအိမ် ၄ လုံးပါသွားတယ်။ ထမင်းချက်ပြီး ထားခဲ့တဲ့ မီးကြွင်းမီးကျန်ကနေလောင်တာပေါ့။ ဒီကနေ့ မနက်ပိုင်း ၁ နာရီ ၃၀ ကစလောင်တာ၊ နေအိမ် ၄ လုံးကို မီးလောင်းသွားပါတယ်”လို့ ပြောပါတယ်။ အဲ့ဒီမီးဟာ စမ္ဘလေ ကျေးရွာက ဦးအဒူလာကိန်းအိမ်ကနေ စတင် မီးလောင်းခဲ့တာဖြစ်ပြီး မီးလောင်းမှုကြောင့် ဘေးနားက နေအိမ် ဝါးထရံအိမ်တွေကို ကူးစက်သွားတာလို့ မင်းပြားမြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။ မင်းပြားမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် ကျေးရွာသူ/ကျေးရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရတယ်လို့ မီးသတ်ဦးစီးမှူးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ မင်းပြားမြို့ဥက္ကာပျံရပ်ကွက်မှာ ဘုရားမီးပူဇော်ရာမှ နေအိမ် ၁ လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း အခုလို နွေရာသီရောက်လာရင် ဓာတ်ဆီးဆိုင် မီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်က မြောက်ဦး ဓာတ်ဆီဆိုင်တန်း အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- Rakhine FireForce
2 years Ago
Up