မင်းပြားတွင်

April 13, 2017

မင်းပြားတွင် ဘုရားဖူးစက်လှေ တိမ်းမှောက်၊ ၈ ဦးသေ ၁ ဦးပျောက်ဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီ၊ မေလွမ်းအနီးမှာ ဘုရားဖူးစက်လှေတစီး တိမ်းမှောက်လို့ ၈ ဦး သေဆုံးပြီး တဦးပျောက်ဆုံးနေပါတယ်။ ဧပြီ ၁၃ ရက် မနက် ၄ နာရီဝန်းကျင်လောက်က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကံဗွေကျေးရွာက ကျောက်တော်-မြောက်ဦးကို ဘုရားဖူးလာတဲ့ ခရီးသည် ၆၂ ဦး တင်ဆောင်လာတဲ့ စက်လှေ တိမ်းမှောက်နစ်မြုပ်မှု ဖြစ်ပွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အလောင်း ၈ လောင်းရရှိထားပြီး ၁ ဦးပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရခိုင်အမျိုးသားပါတီ မင်းပြားမြို့ အေအန်ပီပြန်ကြားရေဌာန ကိုဆန်းဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ "အမ်းမြို့နယ်ကနေ ကျောက်တော်-မြောက်ဦးကို ဘုရားလာဖူးတာလို့ ပြောပါတယ်။ စက်လှေပေါ်မှာလူဦးရေ ၆၂ ဦးပါတယ်။ စက်လှေက မနက် ၄ နာရီလောက်မှာ မှောက်သွားတာပါ။ ကျားပါးစပ်ပိုက်မှာ စက်လှေဒလက်နဲ့ငြိပြီး မှောက်သွားတာ။ မနက်အစောကြီးဆိုတော့ ဘာမှ မမြင်ဘူးလို့ ပြောတယ်။ အလောင်း ၈ လောင်းကို ဆယ်ထားပြီးပြီ၊ တဦးပျောက်ဆုံးနေတယ်။" လက်ရှိအချိန်မှာတော့ မင်းပြားပြည့်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတာကတော့ ၉ ဦးရှိပြီး မင်းပြား မီးသတ်ဌာနအပါအဝင် မင်းပြားမြို့လူမှုအဖွဲ့အစည်းတွေ ပျောက်ဆုံးနေတဲ့ လူတဦးကို ဆက်လက်ရှာဖွေနေတယ်လို့ ပြောပါတယ်။ ၀ဏ္ဏခွာညို
5 years Ago

January 7, 2017

မင်းပြားတွင် ကုန်တင်ကားတစီး မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ကင်းဆိပ် ကားဂိတ်မှာ ကုန်တင်ကားတစီး ဇန်န၀ါရီ ၆ ရက်နေ့ ညနေပိုင်းက မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်းမှုကြောင့် ကားတစီးလုံး ပျက်စီးသွားပြီး ကုန်တင်ကားပေါ်မှာတင်ထားတဲ့ ကုန်ပစ္စည်းအားလုံး ဆုံးရှုံးသွား ပါတယ်။ ကားဂိတ်အဝန်းအတွင်း မီးလောင်နေရင်း အန္တရာဖြစ်မှာစိုးလို့ ကားကို အပြင်မောင်ထွက်ပြေးလို့ ဘေးပတ်ဝန်းက လူတွေတစုံတရာ ထိခိုက်ဒဏ်ရာရှိတာမရှိဘူးလို့ မင်းပြားမြို့မီးသတ်ဌာနက ဒီဗွီဘီ ကို ပြောပါတယ်။ “ကားက ဘယ်လိုစလောင်တယ်ဆိုတာ ကျနော်တို့စုံစမ်းနေတုန်းဖြစ်ပါတယ်။ အဲ့ဒီကုန်ကားမှာတော့ ပစ္စည်းတွေပါတယ်။ ကားဂိတ်ထဲမှာ ရပ်နေရင်း မီးလောင်းသွားတာပါ။ မီးလောင်နေတဲ့အချိန် ကားမောင်းသမားက ဂိတ်မှာ အန္တရာယ်ဖြစ်မှာစိုးလို့ မီးလောင်နေရင်း တန်းလင်းနဲ့ အပြင်ကိုထွက်မောင်းလိုက်တာ။ တော်သေးလို့ အဲဒီဘေးနားက လူတွေ တယောက်မှ အန္တရာယ်မဖြစ်လိုက်ဘူး။ ပစ္စည်းတွေကတော့ အကုန်ဆုံးရှုံးသွားတာပေါ့။” ကားဟာ ကားဂိတ်ဝန်းအတွင်း မီးလောင်နေတာသိလို့ ကားမောင်းသမားက ဘေးပတ်ဝန်းကျင်း အန္တရာယ်ဖြစ်မှာစိုးလို့ ကားကို အပြင် မောင်းထွက်ပြေးပြီး ရေမြောင်းထဲကို ချလိုက်ရတယ်လို့ ပြောပါတယ်။ လောလောဆယ်မှာ မီးဘယ်ကစလောင်တယ်ဆို စုံးစမ်းစစ်ဆေးနေပြိး ဆုံးရှုံးမှုတန်ဖိုး မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ သတင်း-ဝဏ္ဏခွာညို
5 years Ago
Up