မင်းအောင်လှိုင်

April 21, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ တက်မည်

ရုရှားနိုင်ငံ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၈ ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ တက်ရောက်မယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နဲ့ ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ  ရုရှားနိုင်ငံ၊ အူလန် အူဒယ်မြို့ကို မနေ့ညနေပိုင်းက ရောက်ရှိခဲ့တာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ခရီးစဉ်အတွင်း ၈ ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (8th Moscow Conference on International Security) ကို တက်ရောက်မှာပါ။ ဒါ့အပြင့် ရုရှားအစိုးရနဲ့ တပ်မတော်မှအကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့အတူ အထင်ကရ နေရာတွေကို လှည့်လည်ကြည့်ရှုလေ့လာတာတွေ ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ တပ်မတော်အရာရှိကြီးတွေ လိုက်ပါသွားပါတယ်။ ၈ ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကို ဧပြီ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။
2 years Ago

March 23, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၂ ပါတီ ဆွေးနွေး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၃၂ ပါတီမှ တာဝန်ရှိတွေ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဆွေးနွေးပွဲကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ ကျင်းပတာဖြစ်ပြီး  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တပ်မတော်အရာရှိတွေ၊   ၃၂ ပါတီတွေက ပါတီဥက္ကဋ္ဌတွေ၊ ဒုဥက္ကဋ္ဌတွေ၊ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအတွေ ဆွေးနွေးခဲ့ကြတာပါ။ ဗိုလ်ချုပ်မှူးကြီးက “မည်သည့်နိုင်ငံတွင်မှပြီးပြည့်စုံသည့် အခြေခံဥပဒေမျိုးမရှိသော်လည်း ခိုင်မာအား ကောင်းသည့် အခြေခံဥပဒေဖြစ်ရန် လိုကြောင်း၊ အားနည်းချက်ရှိပြီး ပြင်ဆင်သင့်သည့် ဥပဒေများကို ပြင်သင့်ပြင်ထိုက်သည့်အချိန်မှသာ ပြင်ဆင်သင့်ကြောင်း၊ တပ်မတော်အနေဖြင့် အခြေခံ ဥပဒေပြင်ဆင်ခြင်းကို သဘောတူကြောင်း၊ သို့သော် သတ်မှတ်ပြဋ္ဌာန်းထားသည့် အတိုင်းသာ ပြင်ဆင်ရန်လိုကြောင်း” ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေက လက်ရှိနိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအခြေအနေတွေ၊  လွှတ်တော်တွင်း အခြေအနေတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ အပ်မှုအခြေအနေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ယခင်အစိုးရ သက်တမ်းတွင်လည်း ဆောင်ရွက်ခဲ့ပြီး လက်ရှိကာလမှာလည်း ပြင်ဆင်သင့်တဲ့ အချက်တွေကို ဥပဒေနှင့်အညီသာ ပြင်ဆင်သင့်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တိုင်းပြည် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျေးလက်နေပြည်သူတွေ စီးပွားဖွံ့ဖြိုး တိုးတက်ရေးနဲ့ ၀င်ငွေရရှိဖို့ အရေးကြီးကြောင်း၊ ပြည်တွင်းစီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်လမ်း နည်းပါးတာကြောင့် ပြည်ပကို အများအပြား ထွက်ခွာအလုပ်လုပ်နေကြရကြောင်း၊ နိုင်ငံအတွင်း နွေးထွေးစွာ လုပ်ကိုင်စားသောက်နိုင်ရေး ကြိုးစားရမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းသွားပါတယ်။ ဆွေးနွေးပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ စတဲ့ပါတီတွေအပါအ၀င် စုစုပေါင်း ၃၂ ပါတီ တက်ရောက်ခဲ့ကြပါတယ်။
3 years Ago
More News
Up