မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်

April 6, 2018

မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် မိသားစုနှင့်အတူ လာအိုတွင် ဘုရားဖူး (ဓာတ်ပုံ)

ဟောလိဝုဒ်နာမည်ကြီး မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ဟာ ဧပြီ ၅ ရက်နေ့က လာအိုနိုင်ငံမှာ မိသားစုနဲ့အတူ ဘုရားဖူးထွက်နေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ဒီပုံတွေကို Ko Wilaikul အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက သူ့ရဲ့ ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာပါ။ စုစုပေါင်း ဓာတ်ပုံ ၁၅ ပုံတင်ထားခဲ့တာဖြစ်ပြီး ပုံတွေရဲ့ အညွှန်းမှာတော့ လာအိုနိုင်ငံ၊ လွန်ပရာဘမ်ရောက် ဟယ်ရီဆင်ဖို့ဒ်နဲ့ မိသားစုဟာ ဗုဒ္ဓဆင်းတုတော်နဲ့ ဘုန်းကြီးကျောင်းမှာ လှူဒါန်းမှုတွေ ပြုလုပ်နေကြတာလို့ ဖော်ပြရေးသားထားခဲ့တာ ဖြစ်ပါတယ်။ ပုံတွေထဲမှာတော့ ဒေသခံတွေနဲ့အတူ ရိုက်ကူးထားတဲ့ ပုံတွေ၊ ဘုန်းတော်ကြီးတွေကို အလှူငွေလှူဒါန်းနေပုံတွေအပါအ၀င် လှုပ်ရှားမှု ပုံရိပ်တွေကို တွေ့ကြရမှာပါ။ လက်ရှိမှာတော့ အသက် ၇၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားကြီးဟာ ရုပ်ရှင် သရုပ်ဆောင်အဖြစ်ရော၊ ထုတ်လုပ်သူအဖြစ်ပါ ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကာ ထူး ချွန်ဆုတွေလည်း များစွာရရှိထားသူ တဦးဖြစ်ပါတယ်။
3 years Ago
Up