မင်းသားဝေဠုကျော် တရားရုံးကို လာရောက်နိုင်ခြင်းမရှိသဖြင့်  ရုံးချိန်းထပ်မံချိန်းဆို

June 5, 2019

မင်းသားဝေဠုကျော် တရားရုံးကို လာရောက်နိုင်ခြင်းမရှိသဖြင့်  ရုံးချိန်းထပ်မံချိန်းဆို

ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲခံထားရတဲ့ သရုပ်ဆောင် မင်းသားဝေဠုကျော် ဒီကနေ့  ရုံးချိန်းကို ခွင့်တင်​ထားပြီး လာရောက်နိုင်ခြင်းမရှိလို့ ဇွန်​လ ၁၉ ရက်​​နေ့ကို ပြန်​လည်​ချိန်းဆို ခဲ့ပါတယ်​။ သရုပ်ဆောင် ဝေဠုကျော်ဟာ  အလှမယ်သင်းသင်းထံက ကာမလိမ်လည်ရယူခဲ့တယ်ဆိုပြီး  သင်္ဃန်ကျွန်းမြို့နယ်တရားရုံးမှာ တရားစွဲခံနေရတာဖြစ်ပြီး  တရားရုံးက ဝေဠုကျော်ကို ငွေကျပ်သိန်း ၅၀ နဲ့ အာမခံပေးထားပါတယ်။ ဝေဠုကျော်ကတော့ လတ်တလောမှာ ပရဟိတအဖွဲ့သားတွေနဲ့ ရခိုင်ပြည်နယ်၊ ရသေ့ တောင်မြို့နယ်၊ စေတီပြင်ကျေးရွာဆီ သွားနေကြတာဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် မျက် နှာပေါ်မှတဆင့် ဒီခရီးစဉ်ကို လိုက်ဖ်လွှင့်ထားခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up