မင်းသားဟယ်ရီ တက်ရောက်

December 5, 2017

လန်ဒန် မီးသတ်တပ်ဖွဲ့၏ နာတာလူးပွဲတော် မင်းသားဟယ်ရီ တက်ရောက်

ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီဟာ ဝက်စ်မင်စတာ ခရစ်ယာန်ဘုရားကျောင်းမှာ လန်ဒန် မီးသတ်တပ်ဖွဲ့ရဲ့ နာတာလူး သီချင်းဆိုပွဲကို မနေ့က တက်ရောက်ပါတယ်။ နှစ်စဉ် ကျင်းပနေကျ ဒီပွဲဟာ လူကြိုက်များပါတယ်။ လန်ဒန်မီးသတ်တပ်ဖွဲ့က ယူနီဖောင်းဝတ် တပ်ဖွဲ့ဝင်တွေ၊ ယူနီဖောင်း မဝတ်တဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေအတွက် အစဉ်အလာ ခရစ္စမတ် နာတာလူး ပွဲတော်လည်း ဖြစ်ပါတယ်။ ဒီပွဲကို မီးသတ်တပ်ဖွဲ့ထဲက အငြိမ်းစား လုပ်ဖော်ကိုင်ဖက်ဟောင်းတွေလည်း ပါဝင်တက်ရောက်ပါတယ်။ မင်းသား ဟယ်ရီဟာ လန်ဒန်မီးသတ် ကော်မရှင်နာမင်းကြီး ဒါနီကော့တွန်နဲ့ ဗိုလ်မှူးကြီး လော့ဒ် ကန်နွန် တပ်ခ်ဝဲလ်တို့ကို တွေ့ဆုံပါတယ်။ ဟယ်ရီမင်းသားဟာ အမေရိကန်နိုင်ငံသူ စေ့စပ်ထားသူ မီဂံမာကယ်နဲ့ ပထမဆုံး တော်ဝင် စေ့စပ်ပွဲကို ကြေညာအပြီး ရက်ပိုင်းအတွင်း ဒီပွဲကို တက်ခဲ့တာပါ။ သူတို့စုံတွဲဟာ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် ပရဟိတပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဟယ်ရီမင်းသားဟာ လာမယ့်မေလမှာ ဝင်ဆာရဲတိုက်က စိန့်ဂျော့ခ်ျ ခန်းမဆောင်မှာ မင်္ဂလာပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
4 years Ago
Up