မင်းသားဟယ်ရီတို့စုံတွဲ

February 2, 2018

မင်းသားဟယ်ရီတို့စုံတွဲ စစ်မှုထမ်းဟောင်း ဆုပေးပွဲအခမ်းအနား တက်ရောက်

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ကြင်ယာတော် မက်ဂန်မာကယ်တို့ဟာ  လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းဟောင်းများ ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့က အတူ တက်ရောက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က စွန့်စွန့်စားစားနဲ့ အားကစားပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ စစ်မှုထမ်းဟောင်း တွေကို ဆုပေးအပ်တဲ့ အခမ်းအနားမှာ မင်းသားဟယ်ရီတို့စုံတွဲဟာ စစ်မှုထမ်းဟောင်း တွေနဲ့ တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အဲဒီအခမ်းအနားဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုပတ်ဝန်းကျင်မှာ ပုံမှန်အတိုင်း ပြန်လည်အသားကျလိုတဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ကြောင်း အခမ်းအနားဖြစ်မြောက်ရေး အဖွဲ့အစည်းရဲ့ ၀က်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
4 years Ago
Up