တော်ဝင်မင်္ဂလာဆောင် အမှတ်တရအဖြစ် မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့ မျက်နှာပုံတွေနဲ့ ရေကူးဝတ်စုံတွေ ထုတ်လုပ်ရောင်းချနေတယ်လို့ သိရပါတယ်။
အွန်လိုင်းပုံနှိပ်လုပ်ငန်းက သူတို့ရဲ့ဖောက်သည်တွေဟာ တော်ဝင်မင်္ဂလာဆောင်ကို အရူးအမူးဖြစ်ပြီး ပစ္စည်းတွေအားလုံးပေါ်မှာ တော်ဝင်တွေရဲ့ မျက်နှာပုံပါတာနဲ့ သုံးစွဲချင်နေကြတယ်လို့ ပြောပါတယ်။
ပုံနှိပ်လုပ်ငန်းကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့အနှစ်သက်ဆုံးက ဝီလျံနဲ့ ကိတ်၊ ဟယ်ရီနဲ့ မီဂန်တို့ပုံတွေပါတဲ့ ရေကူးဝတ်စုံတွေပဲ” လို့ မက်ထရိုသတင်းဌာနကို ပြောပါတယ်။
“တော်ဝင်မင်းသားတယောက် ဒါမှမဟုတ် မင်းသားကတော် တယောက်ပုံပါတဲ့ ရေကူးဝတ်စုံကို ဝတ်ပြီး ကမ်းခြေပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်သွားနေရတာက ဘာနဲ့မှ မတူဘူး” လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရေကူးဝတ်စုံရဲ့အရှေ့ဘက်မှာ မီဂန်ပုံနဲ့ အနောက်ဘက်မှာ ဟယ်ရီပုံ ဒါမှမဟုတ် သူတို့ ၂ ယောက်ပုံကို အရှေ့အနောက်ပြောင်းထားတဲ့ ရေကူးဝတ်စုံတွေက ၃၈ ပေါင်နဲ့ ပို့ဆောင်ခပါ ပေးရမယ်လို့ သိရပါတယ်။
မင်းသားစုံတွဲရဲ့ မင်္ဂလာပွဲက နောက်အပတ် စနေနေ့ မေလ ၁၉ ရက်နေ့ဖြစ်လို့ အခုအချိန်မှာပြီး ဝတ်ရင် နောက်တနေ့ရလို့ အချိန်မီသေးတယ်လို့ ဆိုပါတယ်။
ဟယ်ရီနဲ့ မီဂန်က ဝင်ဆာရဲတိုက်ကြီးက စိန့်ဂျော့ဘုရားကျောင်းရဲ့ ဝတ်ပြုဆုတောင်းရာနေရာမှာ လက်ထပ်ကြမယ်လို့ မေရာသတင်းတပုဒ်က ဖော်ပြထားပါတယ်။
3 years Ago