မင်းသမီးကြီး ၀ါဝါ၀င်းရွှေ ကိုယ်တိုင်ရေးဆွဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီ

June 19, 2018

မင်းသမီးကြီး ၀ါဝါ၀င်းရွှေ ကိုယ်တိုင်ရေးဆွဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီ

ဒီကနေ့ဟာ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့ ဖြစ်တာမို့ သူ့ကို ချစ်ခင်ကြသူတွေက မွေးနေ့ဆုမွန်တွေ အသီးသီးတောင်းဆု ချွေပေးနေ ကြပါတယ်။ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ဝါ၀ါဝင်းရွှေကတော့ ကိုယ်တိုင်အမှတ်တရအဖြစ် ရေးဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်က တဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ ပုံနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း မွေးနေ့ဆုတောင်းစကားစုကိုလည်း မင်းသမီးကြီးက ခုလိုရေးသားပြီး မျှဝေခဲ့တာပါ။ “Happy Birthday ပါချစ်ညီမစု။ ဒီပုံလေးကို မနှစ်တည်းက ဆွဲထားပြီး ဒီနှစ်မှ Touchingလုပ်ပြီးသွားပါတယ်။ MEHS မှာ တကျောင်းထဲနေခဲ့ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဝါ သနာရှင်အဆင့်မို့ ဒါလောက်နဲ့ ကျေနပ်ပါနော်” ပုံအောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုရော မင်းသမီးကြီးကိုပါ ချစ်ခင်ကြသူတွေ က မှတ်ချက်တွေရေးပြီး ချီးကျူးနေကြကာ မွေးနေ့ဆုတောင်းစကားတွေကိုလည်း ရေးနေကြ တာ ဖြစ်ပါတယ်။
3 years Ago
Up