မင်းလှတွင်

October 23, 2017

မင်းလှတွင် လမ်းလျှောက်နေသည့်အမျိုးသမီးတဦး ကားတိုက်ခံရ၍ သေဆုံး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့မှာ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းက လမ်းလျှောက်နေတဲ့ သားအမိနှစ်ဦး ကားတိုက်ခံရပြီး မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့ မင်းလှ မြို့မရဲစခန်းက ပြောပါတယ်။ "မင်းလှမြို့ ရုံးရပ်တောင်ပိုင်းရပ်ကွက်နေ ဗထူးမောင်းနှင်လာတဲ့ ကားက မင်းဘူး-မင်းလှကားလမ်းပေါ်မှာ မင်းဘူးဘက်သို့မောင်းနှင်လာချိန် မင်းလှမြို့မှအထွက် မိုင်တိုင်(18/6)မင်းလှမြို့ ဘီးခွန်ကောက်ခံရေးဂိတ်အနီး အရောက်မှာ လမ်းရဲ့ ယာဘက်အတိုင်းလမ်းလျှောက်နေတဲ့ သားအမိနှစ်ဦးကို နောက်မှဝင်ရောက်တိုက်မိခဲ့ရာ ဒေါ်မြကျင်မှာ ထိခိုက်ဒါဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး သမီးဖြစ်သူ မမေသင်္ကြန်မှာလည်း ဒဏ်ရာရခဲ့လို့ မင်းလှမြို့ပြည်သူဆေးရုံကို ပို့ထားရတယ်လို့" မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောပါတယ်။ မင်းလှမြို့မရဲစခန်းကိ ဗထူးကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
4 years Ago

August 24, 2017

မင်းလှတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမရဲစခန်းအပိုင် နယ်မြေအတွင်း အသက် ၁၄  နှစ်အရွယ် မိန်းကလေးငယ်တဦး သားမယားအဖြစ် အဓမ္မပြုကျင့်ခံရလို့ မိခင်ဖြစ်သူက ရဲစခန်းမှာ  သြဂုတ် ၂၃ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ သမီးဖြစ်သူ ကိုယ်ဝန် ၆ လရှိမှ မိခင်ဖြစ်သူက သိရှိပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာလို့ ရဲစခန်းက ပြောပါတယ်။ မိခင်ဖြစ်သူဟာ သြဂုတ် ၂၂ ရက် နေ့လယ်က တောင်ဦးကျေးရွာကို အလည်သွားပြီး ပြန်လာစဉ် သမီးဖြစ်သူ ကိုယ်လုံး ‘ဝ’ နေတာကို သတိထားမိပြီး မသင်္ကာလို့ ချော့မော့ မေးမြန်းရာ သမီးဖြစ်သူဟာ ၂၀၁၇ မတ်လလောက်က တောထဲကို ထင်းခွေသွားချိန် နေအိမ်ကို မကြာခဏ အလည်လာရောက်တတ်သူ ရွာသာလှကျေးရွာနေ ရာကျော်က ပါးစပ်ပိတ်ပြီး အဓမ္မပြုကျင့် ခဲ့ကြောင်း သမီးဖြစ်သူက ပြောပြလို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သတ်လို့ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်သူ ရာကျော်(ခ) ကျော်လင်းထွန်းကို ရေနံမနယ်မြေရဲစခန်း က ရာဇသတ်ကြီး ပုဒ်မ-၃၇၆ နဲ့ ဖမ်းဆီးပြီး အမှုကို စစ်ဆေးနေတယ်လို့ ရဲအုပ်မျိုးမင်းထွန်းက ပြောပါတယ်။ သတင်း-မင်းထီး
4 years Ago
Up