မင်းဘူး(စကု)မြို့နယ်တွင် ဗုံးသီးဟောင်းပေါက်ကွဲ၍ ကျောင်းသား ၁ ဦး ဒဏ်ရ

February 5, 2019

မင်းဘူး(စကု)မြို့နယ်တွင် ဗုံးသီးဟောင်းပေါက်ကွဲ၍ ကျောင်းသား ၁ ဦး ဒဏ်ရ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှာ   ဗုံးသီးဟောင်း ပေါက်ကွဲမှုကြောင့် ကျောင်းသား ၁ ဦး ဒဏ်ရာရသွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပါတယ်။ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁နာရီ မိနစ် ၅၀ လောက်က  မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာနေ အသက် ၁၂ နှစ်အရွယ် ငါးတန်းကျောင်းသား မောင်ဖိုးချစ်ဟာ ကျောင်းမှ နေအိမ်သို့ ပြန်လာစဉ် လမ်းဘေး ချုံစပ်ကနေ ၄၀ မမ ဗုံးသီးဟောင်း ၁ လုံး ကောက်ရလို့ နေအိမ် ကိုယူဆောင်လာခဲ့ပြီး ဗုံးသီးဟောင်းကို ပါဝါဓာတ်ခဲကြီး/ ဝါယာကြိုးနဲ့ ဆက်သွယ်ရာကနေ ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ဖိုးချစ်ရဲ့ နှာခေါင်း၊ ဝဲ/ယာ လက်/ခြေထောက်တွေ ပေါက်ပြဲဒဏ်ရာတွေ (မစိုးရိမ်ရ)ရရှိခဲ့လို့  မင်းဘူး(စကု)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။ ပေါက်ကွဲပြီး ကျန်ရှိတဲ့  ဗုံးသီးဟောင်း အပိုင်းအစတွေကို  ခလရ(၁၀) တပ်ရေးဗိုလ်ကြီး ကျော်ဝင်းသူအဖွဲ့က တပ်ရင်းသို့ သယ်ဆောင်သွားခဲ့တယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-MOH
2 years Ago
Up