မင်းထင်ကိုကိုကြီး

April 12, 2019

စစ်တပ်ကိုဝေဖန်ခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အာမခံမရဘဲ အင်းစိန်ထောင်ပို့ခံရ

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို တပ်မတော်က တရားလိုလုပ်ပြီး ပုဒ်မ ၆၆(ဃ) ပုဒ်မ ၅၀၅(က) တို့နဲ့တရားစွဲဆိုထားတဲ့အမှု ဒီကနေ့ ဧပြီ ၁၂ ရက်မနက်က ရန်ကုန် အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ အာမခံ လျောက်ထားခဲ့ရာမှာ တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒါကြောင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရဲတပ်ဖွဲ့ဝင်တွေက  အင်းစိန်ထောင်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ကျန်းမာရေး အာမခံလျောက်ထားခဲ့ပေမယ့် တရားရုံးကတော့ ဆေးဆရာဝန်ကို မစစ်ဆေးရသေးတာကြောင့် အာမခံပေးလို့မရေ သးတာကြောင့် အာမခံကို ပယ်ချခဲ့တာလို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်  စာမျက်နှာမှာ တပ်မတော်အပေါ် ဝေဖန်ရေးသားခဲ့တဲ့ အကြောင်းရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ် တရားစွဲဆိုခဲ့တာပါ။ ဓာတ်ပုံ- KO KO GYI
2 years Ago
Up