မင်းတပ်ဈေးမီးလောင်

February 23, 2016

မင်းတပ်ဈေးမီးလောင်၊ ဆိုင်ခန်း ၇၀ ခန့် မီးလောင်ဆုံးရှုံး (ရုပ်သံ)

ချင်းပြည်နယ် မင်းတပ်မြို့ စည်ပင်ဈေးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လည် ၁၂ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၇၀ လောက် မီးလောင်ပျက်စီး သွားတယ်လို့ ဆိုင်ခန်းမီးလောင်ပါသွားတဲ့ အလှကုန်ဆိုင်ပိုင်ရှင် ဦးသန်းထွန်းက ပြောပါတယ်။ “မီးက ၁၂ ခွဲလောက်ကစလောင်တာ။ ဈေးအ၀ိုင်းထိပ်ကနေစလောင်တာ။ ဆိုင်ခန်းပေါင်း ၇၀ လောက်ပါသွားမှာပေါ့။ ဆိုင်တွေကတော့ အစုံပါပဲ။ စားသောက်ကုန်ဆိုင်၊ အလှကုန်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ အထည်ဆိုင်တွေပါတယ်။ ကျနော်လည်း ကျနော်ဆိုင်ပါသွားတာကို။ ပစ္စည်းကလည်း ရသလောက်ကောက်တယ်ဆိုတော့ ပျက်စီးမှုဘယ်လောက်ရှိလဲဘာမှကို မသိသေးတာ။ ပြောလို့လည်းမရဘူး။” ၂ နာရီခွဲလောက်မှာ မီးငြိမ်းသွားပြီး မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးတာ ရှိမရှိ မသိရသေးပါဘူး။ ရုပ်သံ - Van Salai
6 years Ago
Up