မင်္ဂလာဆောင်တွင် အသေခံဗုံးခွဲသူမှာ ကလေးတဦးဖြစ်ဟု တူရကီသမ္မတ ပြော

A d v e r t i s e m e n t With Us

August 22, 2016

မင်္ဂလာဆောင်တွင် အသေခံဗုံးခွဲသူမှာ ကလေးတဦးဖြစ်ဟု တူရကီသမ္မတ ပြော

သြဂုတ် ၂၀ ရက်က အနည်းဆုံး လူ ၅၁ ဦး သေဆုံးခဲ့တဲ့ တူရကီနိုင်ငံတောင်ပိုင်းက မင်္ဂလာဆောင်မှာ အသေခံဗုံးခွဲသူဟာ အသက် ၁၂ နှစ်နဲ့ ၁၄ နှစ်ကြား ကလေးတဦးဖြစ်တယ်လို့ တူရကီသမ္မတက သြဂုတ် ၂၁ ရက်က ပြောပါတယ်။ နိုင်ငံတောင်ပိုင်းက ဂါဇီယန်တက်မြို့မှာ ကာ့ဒ်လူမျိုးစုတွေရဲ့ မင်္ဂလာဆောင် အခမ်းအနားကို ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်ပြီး အိုင်အက်စ် အကြမ်းဖက်လက်ချက် ဖြစ်တယ်လို့လည်း သမ္မတ အာဒိုဂမ်က စွပ်စွဲလိုက်ပါတယ်။ မင်္ဂလာအခမ်းအနားပြီးလို့ လမ်းမထွက် ကခုန်နေတဲ့အချိန်မှာ ဖောက်ခွဲခံရတာဖြစ်ပြီး ကလေးတွေနဲ့ အမျိုးသမီးတွေလည်း သေဆုံးခဲ့ကြပါတယ်။ လူ ၇၀ လောက်လည်း ဒဏ်ရာရရှိခဲ့ကြပြီး ၁၇ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ဂါဇီယန်တက်မြို့ဟာ ဆီးရီးယားနယ်စပ်နဲ့ မိုင် ၄၀ လောက်ပဲ ကွာဝေးပြီး ကာ့ဒ်လူမျိုးတွေ အများစု နေထိုင်ကြတာပါ။ လူဦးရေ ၁ သန်းခွဲ နေထိုင်ကြပြီး အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဝင်တွေလည်း နေထိုင်ကြတယ်လို့ ဆိုပါတယ်။ ဆီးရီးယားစစ်အတွင်း ဆီးရီးယားကာ့ဒ်တွေနဲ့ အိုင်အက်စ် အကြမ်းဖက်တွေအကြား အပြင်းအထန် တိုက်ခိုက်ကြတဲ့အတွက် အိုင်အက်စ် အကြမ်းဖက်တွေရဲ့ ပစ်မှတ်ထားနေတဲ့မြို့လည်း ဖြစ်နေတာပါ။ မေလကလည်း မြို့ခံရဲတပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်မှုဟာ အိုင်အက်စ် အကြမ်းဖက်တွေရဲ့ လက်ချက်ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။ အခု မင်္ဂလာဆောင်တိုက်ခိုက်မှုကိုလည်း တာဝန်ခံကြေညာတဲ့ အဖွဲ့အစည်း မရှိသေးပါဘူး။
5 years Ago
Up