မင်္ဂလာပွဲလာအမျိုးသားများက သတို့သမီးခန္ဓာကိုယ်အနှံ့ ကိုင်တွယ်ခဲ့ကြသည့်ရုပ်သံ ဝေဖန်ခံရ

December 22, 2016

မင်္ဂလာပွဲလာအမျိုးသားများက သတို့သမီးခန္ဓာကိုယ်အနှံ့ ကိုင်တွယ်ခဲ့ကြသည့်ရုပ်သံ ဝေဖန်ခံရ

ဒီဆိုးဝါးလွန်းတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မင်္ဂလာပွဲ တက်ရောက်လာကြတဲ့ အမျိုးသားတွေက သတို့သမီးရဲ့ ခန္ဓာကိုယ်အနှံ့ ကိုင်တွယ်နေကြပြီး တချို့ကလည်း ကြည့်ရှု ရယ်မောနေကြပုံတွေဟာ လတ်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။ တရုတ်နိုင်ငံမှာ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ နိုင်ငံအနှံ့ အဆိုးဝါးဆုံး အပြုအမူတွေအဖြစ် ကြည့်ရှုသူတွေက ဝေဖန်နေကြတာပါ။ ဒီဇင်ဘာ ၁၉ ရက်နေ့က တရုတ်နိုင်ငံရဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေ မျှဝေရာ ပလက်ဖောင်းတခုဖြစ်တဲ့ မီယာယိုဖိုင် အမည်ရတဲ့ အင်တာနက်စာမျက်နှာပေါ်မှတဆင့် ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ပျံ့နှံ့လာခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။ သတို့သမီးဖြစ်သူ အမျိုးသမီးရဲ့ဘေးမှာ အုပ်စုလိုက်ရှိနေကြတဲ့ အမျိုးသားတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကိုင်တွယ်နေကြတာကို တွေ့ရပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်တနေရာမှာတော့ အမျိုးသားတဦးဟာ သတို့သမီးရဲ့ဝတ်စုံ အတွင်းပိုင်း ရင်သားနေရာကို ထိတွေ့ကိုင်တွယ်နေခဲ့ချိန်မှာ တခြားအမျိုးသားတွေက ရယ်မောနေခဲ့ကြကာ လက်ကိုင်ဖုန်းတွေနဲ့ ရိုက်ယူခဲ့ကြတာကို တွေ့ရပါတယ်။ အချိန် ၁၀ စက္ကန့်သာ ကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တင်ခဲ့သူက “တော်တော်ဆိုးဝါးတယ်” လို့ အညွှန်းတပ် မျှဝေခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုသူ ၁ ဒသမ ၇ သန်းကျော် ရှိနေခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ ဘယ်နေရာမှာဖြစ်ပျက်ခဲ့တယ် ဆိုတာကိုတော့ သူက ဖော်မပြခဲ့ပါဘူး။ ဒါဟာ ရုတ်တရက်ပဲ အံ့အားသင့် တုန်လှုပ်စရာတခု ဖြစ်လာခဲ့ပြီး တရုတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်နေကြတယ်လို့ သတင်းကဆိုပါတယ်။ ဝေဖန်သူတဦးကတော့ “ဒီလူတွေဟာ မိန်းမ မမြင်ဘူးတဲ့သူတွေလား” လို့ မှတ်ချက်ပြု ရေးသားခဲ့ကာ နောက်တဦးကတော့ ဒီအမျိုးသားတွေကို စက်ဆုပ်စရာကောင်းတဲ့သူတွေအဖြစ် ဝေဖန်ခဲ့တာပါ။
5 years Ago
Up