မင်္ဂလာပွဲကျင်းပချိန် သဲမုန်တိုင်းတိုက်ခတ်၊ နံရံပြိုကျပြီး အနည်းဆုံး လူ ၂၅ ဦးသေ

May 11, 2017

မင်္ဂလာပွဲကျင်းပချိန် သဲမုန်တိုင်းတိုက်ခတ်၊ နံရံပြိုကျပြီး အနည်းဆုံး လူ ၂၅ ဦးသေ (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ မင်္ဂလာပွဲတခုကျင်းပချိန် သဲမုန်တိုင်းတိုက်ခတ်ခဲ့ပြီး နံရံပြိုကျခဲ့လို့ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့တယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ပွဲချင်းပြီး သေဆုံးခဲ့သူတွေထဲမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၄ ဦး ပါဝင်ပြီး မကြာခင် နောက်ထပ် လူ ၂ ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ သဲမုန်တိုင်း ပြင်းပြင်းထန်ထန်တိုက်ခတ်ခဲ့လို့ မင်္ဂလာပွဲလာ ဧည့်သည်တွေဟာ အဆောက်အအုံ အမိုးအောက်ကို ခိုခဲ့ကြချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ “အဆောက်အအုံဟာ သဲမုန်တိုင်းကြောင့် ပြိုကျခဲ့ပြီး အပျက်အစီးကြားမှာ လူတွေ ပိတ်မိနေခဲ့ကြပါတယ်။ မျက်မြင်တွေ့ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာပါ” လို့ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာနမှ အလော့ခ် ဗက်ရှိရှ်က Times of India သတင်းစာကို ပြောပါတယ်။ မုန်တိုင်းကြောင့် ဘာရက်တ်ပူရ်ခရိုင်တွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေလည်း ဖြစ်ခဲ့ပြီး ဒီဖြစ်စဉ်မှာ ပိတ်မိကျန်နေခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကိုတော့ အတိအကျ မသိနိုင်သေးပါဘူး။
4 years Ago
Up