မင်္ဂလာပွဲ

November 8, 2018

ကြည့်ရှုသူ ၇၃ သန်းကျော်ရှိသည့် ချောက်ကမ်းပါး အာကာသပိုက်ကွန်ပေါ်မှ မင်္ဂလာပွဲ (ရုပ်သံ)

မင်္ဂလာပွဲ အခမ်းအနားတွေကို သူ့ထက်ငါ အပြိုင်အဆိုင် တီထွင်ပြုလုပ်လေ့ ရှိကြပေမယ့် ခုလိုပြုလုပ်တဲ့ အခမ်းအနားကတော့ တကယ့်ကို အံ့သြစရာ ကောင်းနေပါတယ်။ ဒီမင်္ဂလာပွဲကတော့ သတို့သား ရိုင်ယန်နဲ့ သတို့သမီး ကင်မ်တို့အတွက်သာမက ကြည့်ရှုသူတွေကိုပါ ရင်သပ်ရှုမော အံ့သြသွားစေတဲ့ အခိုက်အတန့်ပါပဲ။ သူတို့ဟာ မြေပြင်ကနေ ပေ ၄၀၀ အမြင့်ရှိတဲ့ ချောက်ကမ်းပါးအစွန်းကနေ ဖန်တီးထားတဲ့ အာကာသပိုက်ကွန်ထဲမှာ မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ အနောက်ပိုင်း အော့တ်ဝါပြည်နယ်ထဲက ချောက်ကမ်းပါးစွန်းမှာ ဖြစ်ခဲ့တာပါ။ အစွန်းတဖက်ကနေ အောက်ကိုကြည့်လိုက်ရင် ထိတ်လန့်ဖွယ် မြင်တွေ့ရမယ့် မြင်ကွင်းတွေကြား သတို့သား၊ သတို့သမီး ၂ ဦးဟာ ကြိုးတန်းမှတဆင့် လျှောက်လာခဲ့ကြတာပါ။ သူတို့ ၂ ယောက်စလုံးဟာ ကြိုးတန်းလမ်းလျှောက် အားကစားထူးချွန်သူတွေဖြစ်ကြပြီး တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ ခုလိုကျင်းပခဲ့တဲ့ အခမ်းအနားမှာတော့ အပေါ်ဆုံး အာကာသပိုက်ကွန်ကနေ လေထီးခုန် အလှပြတာတွေ၊ စွန့်စား သရုပ်ပြ ကြိုးတန်းလမ်းလျှောက်တာတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မက်တဒေါ်နက်ဝပ်ခ် ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက တင်ထားခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
3 years Ago

May 27, 2018

ဟယ်ရီနှင့်မီဂန်တို့၏ မင်္ဂလာပွဲပုံရိပ်အတိုင်း ကလေးငယ်များကို ဓာတ်ပုံရိုက်ကူး

နယူးယောက်မြို့က ဓာတ်ပုံဆရာမတဦးဟာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်တို့ရဲ့ မင်္ဂလာပွဲပုံစံအတိုင်း  ကလေးငယ်တွေကို ၀တ်စားဆင်ယင်ပေးပြီး အလှဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်း လူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့တဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်တို့ရဲ့မင်္ဂလာ ဆောင်ပုံရိပ်ကို နယူးယောက်မြို့က Baldwin အရပ်မှာ ကလေးငယ်တွေနဲ့ ပြန်ပုံဖော်ခဲ့ပါတယ်။ ဓာတ်ပုံဆရာမ ထရစ်ရှာ မက်ဆဲရော့က ကလေးငယ်တွေကို တော်ဝင်မင်္ဂလာပွဲပုံစံတူ ပြင်ဆင်ဝတ်စားစေပြီး အလှဓာတ်ပုံရိုက်ခဲ့တာပါ။ မီဂန်ဝတ်ခဲ့တဲ့ ဂစ်ဗန်ချီ မင်္ဂလာဝတ်စုံကို Toddlewood ဓာတ်ပုံဆိုင်က ပြန်လည်ပြင်ဆင် ပုံဖော်ထားတဲ့ အသေးစားဝတ်စုံကို အသက် ၇ နှစ်အရွယ် နိုင်ယာ- အိုတဲယိုက ၀တ်ဆင်ပြီး အလှဓာတ်ပုံ အရိုက်ခံခဲ့တာပါ။ “မီဂန်က လှတယ်။ မင်းသားဟယ်ရီနဲ့လက်ထပ်လိုက်တဲ့ သူ့လိုဝတ်ရတာ ဂုဏ်ယူစရာပါ” လို့ နိုင်ယာအိုတဲရိုက ပြောသွားတာပါ။ မင်းသားဟယ်ရီ နေရာမှာ သရုပ်ဆောင်တဲ့ အန်ဒရူးကို ခုလိုဝတ်ရတာ သဘောကျလားလို့ မေးကြည့်တော့ သဘောကျတယ်လို့ ပြောပါတယ်။ မက်ဆာရော့နဲ့ သူ့တွဲဖက်တွေ ဒီလိုပြင်ဆင်ဓာတ်ပုံရိုက်ဖို့ ၄၈ နာရီပဲ အချိန်ယူခဲ့တာပါ။ ဒါက သက်သက်သာသာ လုပ်ရတဲ့ စိန်ခေါ်မှုတော့ မဟုတ်ပါဘူး။ “ဒီမင်္ဂလာပွဲမှာ အထူးခြားဆုံးကို ပြောပါဆိုရင် သတို့သမီးနဲ့ သတို့သားတို့ပါပဲ။ ဒါကပဲ ယဉ်ကျေးမှုတရပ်လို ဖော်ဆောင်ခံရတာပါပဲ” ဓာတ်ပုံဆရာမ ထရစ်ရှာ က ပြောပါတယ်။ ဓာတ်ပုံဆရာမဟာ ဟယ်ရီနဲ့ မီဂန်တို့ပုံစံတွေအပြင် သူတို့ မင်္ဂလာပွဲတက်လာတဲ့ မီဂန်ရဲ့အမေ ဒိုရီယာ၊ ဝေလမင်းသားကြီး ချားစ်နဲ့ကြင်ယာတော် ကမီလာတို့ ပုံစံတူကိုလည်း ကလေးတွေနဲ့ ပြင်ဆင်ရိုက်ကူးခဲ့ပါတယ်။
4 years Ago
More News
Up