.မဂျော်ရီတေလာဂရင်း

February 5, 2021

ရီပတ်ဘလီကန်အမတ် မဂျော်ရီတေလာဂရင်းကို ထိပ်ပိုင်းကော်မတီတာဝန်နှစ်ခုမှ ရုပ်သိမ်း

ဒီမိုကရက်တွေအပေါ် အကြမ်းဖက်မှုကို ထောက်ခံတာ အပါအဝင် ဆူပူအုံကြွစေတဲ့ မှတ်ချက်မျိုးပေးခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်အောက်လွှတ်တော်က ရီပတ်ဘလီကန်အမတ် မဂျော်ရီတေလာဂရင်းကို ထိပ်ပိုင်းကော်မတီတာဝန်နှစ်ခုကနေ ရုပ်သိမ်းလိုက်ပါတယ်။  

အစောပိုင်းမှ ရီပတ်ဘလီကန်အမတ် ဂရင်းက သူရဲ့ မှတ်ချက်စကားနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောခဲ့ပေမယ့် ဒီမိုကရက်တွေအပေါ် အကြမ်းဖက်မှုကို ထောက်ခံတဲ့အတွက် မတောင်းပန်ခဲ့ပါဘူး။

ထိပ်ပိုင်းကော်မတီတာဝန်နှစ်ခုကနေ ရုပ်သိမ်းဖို့အတွက် မဲခွဲမဆုံးဖြတ်ခင်  အောက်လွှတ်တော်မှာ ဂရင်းက သူရဲ့အရင်ပြောဆိုချက်တွေကို ငြင်းကွယ်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ 

အောက်လွှတ်တော် ရီပတ်ဘလီကန် အမတ် ဂရင်းဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရတယ်ဆိုတဲ့ မှားယွင်းပြောဆိုချက်ကို ယုံကြည်ပြီး အမေရိကန် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုတွေဟာ တမင်အကွက်ဆင်ထားတာလို့ စွပ်စွဲခဲ့သူပါ။ 

ကယ်လီဖိုးနီးယားတောမီးဟာ အာကာသကနေ  လေဆာရောင်ခြည်နဲ့ တမင် ရှို့တာလို့ သူက ဆိုပြီး ၂၀၀၁ တုန်းက ပင်တဂွန် ဌာနချုပ်ကို လေယာဉ်နဲ့ ဝင်တိုက်တဲ့အပေါ်မှာ မေးခွန်း ထုတ်ခဲ့သူလည်း  ဖြစ်ပါတယ်။ 

ရီပတ်ဘလီကန်အမတ် ဂရင်းဟာ အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီနဲ့ အောက်လွှတ်တော် ပညာရေးနဲ့ အလုပ်သမားကော်မတီမှာ တာဝန်ပေးအပ်ခံရသူ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

10 months Ago
Up