မချီးကျူးစေလို

December 31, 2020

လူငယ်ကြယ်ပွင့် ဆာကာကို အလွန်အကျွံ မချီးကျူးစေလိုဟု အာတီတာ မေတ္တာရပ်ခံ

အာဆင်နယ် လူငယ်ကြယ်ပွင့် ဆာကာကို သတိထားပြီး ချီးကျူးကြဖို့ နည်းပြ အာတီတာက မေတ္တာရပ်ခံစကားဆိုလိုက်ပါတယ်။  အင်္ဂလန်လူငယ် ဆာကာဟာ ချဲလ်ဆီးနဲ့ပွဲမှာ အနိုင်ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့ပြီး ပွဲရဲ့ အကောင်းဆုံးကစားသမားဆုရခဲ့သလို ဘရိုက်တန်နဲ့ ပွဲမှာလည်း လာကာဇက်ရဲ့ အနိုင်ဂိုးအတွက် ဖန်တီးပေးခဲ့ပြီး အကောင်းဆုံးကစားသမားဆု ထပ်မံရခဲ့ ပါသေးတယ်။  အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဆာကာဟာ အင်္ဂလန်လက်ရွေးစင်မှာလည်း ရွေးချယ်ခံထား ရသူဖြစ်ပြီး သူ့ရဲ့ခြေစွမ်းအပေါ်မှာ ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေက ချီးကျူးမှုတွေ ခဲ့ကြတာပါ။  ဆာကာကို လက်ရှိပုံစံအတိုင်း ဖိအားကင်းကင်းနဲ့ ဆက်လက်တိုးတက်စေလိုတာကြောင့် အလွန်အကျွံ ချီးကျူးတာတွေကို သတိပြုပြီး ရှောင်ကျဉ်ပေးကြဖို့ နည်းပြ အာတီတာက မေတ္တာရပ်ခံခဲ့တာပါ။  ဆာကာဟာ ကောင်းမွန်တဲ့ ပတ်ဝန်ကျင်၊ ကောင်းမွန်တဲ့ အသင်းဖော်တွေကြားမှာ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ အာတီတာက  သုံးသပ်ခဲ့ပါတယ်။
10 months Ago
Up